{၃၄}

2.1K 114 6
                                    

Zawgi...

Song-fox rain

အိပ်​ယာထက်​မှာ ​ခေါင်းကပတ်​တီး​ဖွေး
ဖွေးနဲ့ လှဲ​လျောင်း​နေတဲ့ ​ကောင်​​လေး
က ​oxygen ပိုက်​ကို အားကိုး​နေရတယ်​။

ကုတင်​ထက်​က ​ကောင်​​လေးလက်​ကို
တင်းတင်းဆုတ်​ကိုင်​ပြီး နှလုံးစက်​ကို
ရန်​သူတစ်​​ယောက်​လို စူးစိုက်​ကြည့်​​နေ
တဲ့ ​​ကောင်​​လေးတစ်​​ယောက်​။

ကျေးဇူးပြုပြီး...ဘုရားရှင်​က ဂရုနာ
ထားပါ​စေလို့ အသံတိတ်​ဆု​တောင်း
နေမိတယ်​။ရသမျှဘုရားစာ​တွေပဲ
အ​ခေါက်​​ခေါက်​ရွတ်​ရင်း သက်​ပျင်း
ခဏခဏချ​နေမိတယ်​။

"ကျွန်​​တော်​က အကို့ကို ဒဏ်​ရာ​တွေ
ပေး​နေမိတယ်​....ကျွန်​​တော်​က တစ်
ကယ်​မ​ကောင်းတဲ့ အ​ကောင်​ပဲ​နော်
အကို....."

ကိုယ့်​ကိုယ်​ကိုသာ ​လှောင်​ရယ်​ရင်း
မျက်​ရည်​စတို့ တာကျိုးမလာ​စေရန်
မျက်​နှာကျပ်​​ပေါ် ​မော့ကြည့်​လိုက်​သည်​။

"ဒီ​နေ့လည်း ​နောက်​ထပ်​၁၀နာရီ
ပြည့်​သွားပြီးရင်​ တစ်​ရက်​ကုန်​သွား
ပြန်​ပြီ.....၃ပတ်​​လောက်​ဆို ကျွန်
တော့်​ကို စိတ်​ဆိုးတာ ​ပြေသင့်​ပြီ
လေ အကို....ကျွန်​​တော့်​ကိုချစ်​ရင်
နိုးလာပါ​တော့​နော်​....."

ပိန်​ကျ​နေတဲ့ လက်​ဖ၀ါး​လေးကို
အမြတ်​တနိုးနမ်းရင်း ပြုံးကာ​ပြော
မိသည်​။အကိုက​တော့ အိပ်​၍​ကောင်း
စဲပင်​။

"ဒီ​နေ့​တော့ အိမ်​ပြန်​ပြီး နားလိုက်​ပါ
လား...သား.....အန်​တီ​စောင့်​ပါ့
မယ်​....."

အပြင်​ကပြန်​လာတဲ့ အန်​တီ(အကို့
အ​မေ)က ခပ်​နွမ်းနွမ်းပြုံးရင်း အိမ်
ပြန်​ဖို့​ပြောလာတယ်​။ဘယ်​​လောက်
ပဲ မာနကြီးပါ​စေ ကိုယ့်​သားကို​တော့
ထိခိုက်​မခံချင်​တဲ့ စိတ်​က​တော့ အ​မေ
တိုင်းမှာ ရှိစမြဲပင်​။

အစက သူ့​ကြောင့်​ဆိုပြီး ​သောင်းကျန်း
ခဲ့​ပေမဲ့ သူမ သ​ဘောကျလွန်းခဲ့ပါသည်
ဆို​သော ​နှောင်​ကြိုးသွယ်​ က အကို့ကို
ထိခိုက်ေ​စသည့်​ အဓိက တရားခံ ဆိုတာ
သိလိုက်​ရချိန်​မှာ အသိကင်းကွာသွား
သော အကိုအ​မေက အကို့စိတ်​နဲ့ပါ
ရောပြီး အိပ်​ယာထဲ လဲသွား​သေးသည်​။

🍃ရွက်​​ကြွေ🍃🍃ရွက်ကြွေ🍃(completed)Where stories live. Discover now