Zawgi...
"မောင်........"
နဖူးပြင်ထက်က အနမ်းပိုင်ရှင် စံရော၊သူပါ
အသံလာရာဘက်လှည့်ကြည့်မိလိုက်ကြသည်။"မောင်......."
စံက သံယောင်လိုက်ရင်း နားလည်ပုံမပေါ်
တဲ့ မျက်ဝန်းတွေနဲ့ ရတုကို ပြန်ကြည့်လာတယ်။"သွယ် တို့ စကားပြောဖို့လိုပြီထင်တယ် မောင်"
"စံ....အဲ့တာကလေ...အကို့ကို အထင်မလွဲနဲ့
နော်...အကိုရှင်းပြမယ်..."ကျောခိုင်းထွက်ခွာသွားပြီဖြစ်တဲ့ သွယ့်နောက်
ပဲ လိုက်ရမလား...စံ အား နားလည်အောင်ပဲ
ရှင်းပြရမလား....ရတု ပြာယာခက် လို့နေသည်။"သူ့နောက်ပဲ အရင်လိုက်သွားလိုက်ပါအကို
.....ကျွန်တော်နားလည်ပါတယ်......"စံ ဘာတွေကို နားလည်ပေးနေမှန်း မသိပေမဲ့
ပြုံးရင်းပြောနေသည်မို့ ရတု အနည်းငယ်တော့
စိတ်သက်သာရာရမိသည်။"ထိုင်ပါအုန်း....မောင်......"
ရတုရဲ့ အခန်းထဲမှာ အသင့်စောင့်နေသော
သွယ် က စားပွဲထက်က ရတု နာမည်တံဆိပ်
တုံးကို ခပ်ဖွဖွတို့ထိလို့နေသည်။"သွယ်....."
သွယ် က လက်ကာပြတာကြောင့် ရတု စကား
မဆက်တော့ပဲ ငြိမ်နေလိုက်သည်။"ဟက်ဟက်.....သွယ့်ကိုရှောင်နေခဲ့တာ...
မောင် စိမ်းနေလို့မဟုတ်ပဲ ဒီအခြောက်တစ်
ယောက်ကြောင့်တဲ့လား....ရယ်ရတယ်နော်
မောင်က ပြားချပ်ချပ်နဲ့ ဒီလို အခြောက်ကောင်
ကို ကြိုက်တာတဲ့လား....""သူ့ကို အခြောက်လို့မပြောနဲ့ အကိုမကြိုက်
ဘူး...သွယ်....သူကအခြောက်ဆိုရင် အကို
လည်း အခြောက်ပဲ...နောက်ပြီး အကို သူ့ကို
ချစ်တယ်....""ဟားဟား ဟားဟား....အတော်ရယ်ရတဲ့
ပျက်လုံးတွေပါလား မောင်ရယ်.....မောင်တို့
နှစ်ယောက်ကို သနားလွန်းလို့ မျက်ရည်တွေ
တောင် ကျတယ်...ဟက်ဟက်...ဒါနဲ့......
မောင့်မေမေရော ဒီအကြောင်းတွေသိသွား
ရင်.....ဟင်းဟင်းဟင်း......"
DU LIEST GERADE
🍃ရွက်ကြွေ🍃🍃ရှကျကွှေ🍃(completed)
RomantikZawgi+Unicode "သစ်ရွက်တွေ မြေမှာခ အလွမ်းတွေနဲ့အကြွေရွက် လေနှာရာ သူပျော်ပါး ဖမ်းဆုတ်ခွင့်တောင် ကျွန်တော့်အား မပေးခဲ့ပါ" Non-Kpop Fiction With own chapter❤ "သစ်ရွက်တွေ မြေမှာခ အလွမ်းတွေနဲ့အကြွေရွက် လေနှင်ရာ သူပျော်ပါး ဖမ်းဆုတ်ခွင...