Zawgyi.....
သစ်ပင်တစ်ပင်ရဲ့ သစ်ရွက်တွေဟာ လွယ်ကူစွာ ကြွေကျနေခဲ့ပေမဲ့၊ နှလုံးသား ဟာတော့ ကြွေစရာ အသဲပိုမရှိခဲ့ပါ.....။
အတိတ်မှာ လူတိုင်းဟာ အမှားများစွာ ရှိနေခဲ့ကြပြီး ပြင်ဆင်ရန် စိတ်ဆန္ဒ ရှိသူကို အခွင့်
အရေးပေးသင့်သည်....။အချိန်တွေအကြာကြီးရှောင်ပုန်းဖို့ ကြိုးစားခဲ့
ပေမဲ့ တစ်ကယ့်တစ်ကယ်မှာတော့ အရာအား
လုံးကို လက်သင့်ခံသင့်ပြီးဖြစ်ကြောင်း နားလည်ခဲ့သည်.....။လမင်းရိပ် ရောက်မလာခင် ၂ရက်လောက်အလိုတည်းက စေတန်သည် သူစုံစမ်း၍ ရ
ခဲ့သော အရာတစ်ခုအား ပြောပြခဲ့သည်...။
ထိုအရာက coffee ဆိုင်မှ အမျိုးသမီးသည်
လမင်းရိပ်၏ သူငယ်ချင်းဖြစ်ကြောင်း ပြော
ပြခဲ့ခြင်းဖြစ်သည်...။
သို့ပေမဲ့ အလင်းသန့်သည် ဝေးကွာလျက်နှင့်
နီးစပ်ရန် မမျှော်လင့်တော့ပါပဲ ဆက်လက်ပုန်း
ရှောင်ရန် ပြင်ဆင်ခဲ့သည်...။ယခုလို လမင်းရိပ် အလျင်စလို ရောက်ချလာ
ခြင်းသည် ပျော့ပျောင်းခါစ အလင်းသန့်စိတ်
လေးအား ဥပေက္ခာ ပြုခွင့် မပေးခဲ့တော့ပေ...။"ဒါဆို ကိုယ်တို့ က စေတန်ကို ကျေးဇူးတင်
ရမှာပေါ့ ဟုတ်တယ်မဟုတ်လား....ကြားထဲ
မှာ သူ အောင်သွယ်လုပ်ပေးလို့ ကိုယ့်ကို
အထင်လွဲနေတာရော၊ ကလေးကိုယ့်ကို ရှောင်
ဖယ်နေတာရော အခုလို မြန်မြန် ဖြေရှင်းနိုင်
ခဲ့တာ...."လမင်းရိပ်သည် ကားမောင်းနေရင်းမှ အလင်းသန့်အား ချစ်ရည်လွမ်းသော အကြည့်တို့ဖြင့်
ကြည့်ကာ ပြောလာသည်....။
ယနေ့သည် အထင်လွဲမှုတို့ ဖြေရှင်းပြီးသည်
၅ရက်မြောက်နေ့ပင်ဖြစ်သည်.....။"အင်း...ဟုတ်တယ် စေတန်က အများကြီး
အားကိုးရတယ်...အလုပ်တွေလည်း သူ့ကို
ယုံကြည်ပြီး အပ်ထားလို့ရတယ်..ဒီလိုလူမျိုး
ကို သိခွင့်ရတာ ကျွန်တော့်အတွက် ထူးခြား
တဲ့ လက်ဆောင်တစ်ခုပဲ...."ဒဏ်ရာအား ဆေးရုံတွင် ပြသရမည့် နောက်ဆုံး ရက်ဖြစ်သည်ကြောင့် စခန်းက လမင်းရိပ်
အား ခွင့်တစ်ရက်ပေးသည်ကြောင့် ဆေးရုံက
အပြန်တွင် အလင်းသန့်နှင့် စေတန် အုပ်ချုတ်နေသည့် အလင်းသန့် ကုမ္ပဏီ သို့ ၀င်ရောက်ရန် သွားနေခြင်းဖြစ်သည်.....။
KAMU SEDANG MEMBACA
🍃ရွက်ကြွေ🍃🍃ရှကျကွှေ🍃(completed)
RomansaZawgi+Unicode "သစ်ရွက်တွေ မြေမှာခ အလွမ်းတွေနဲ့အကြွေရွက် လေနှာရာ သူပျော်ပါး ဖမ်းဆုတ်ခွင့်တောင် ကျွန်တော့်အား မပေးခဲ့ပါ" Non-Kpop Fiction With own chapter❤ "သစ်ရွက်တွေ မြေမှာခ အလွမ်းတွေနဲ့အကြွေရွက် လေနှင်ရာ သူပျော်ပါး ဖမ်းဆုတ်ခွင...