Zawgi...
"ကျစ်~အလင်းသန့် ငါ့မင်းကို ဘာမှမ
ပြောရသေးဘူးနော် ကလေးလည်းမ
ဟုတ်ပဲ ဘာလို့မျက်ရည် လွယ်နေရတာ
လည်း...စိတ်ဓာတ်က ပျော့ညံ့လိုက်
တာ အဲ့တာတွေကြောင့် ငါမင်းကိုမ
ကြိုက်တာ...."ခပ်လှမ်းလှမ်းကထွက်ပေါ်လာသည့်
ရင်းနှီးနေသော အမည်နာမကြောင့်
ရှေ့ဆက်လျှောက်မည့်ခြေလှမ်းများကို
ရပ်တန့်ကာ နီးစပ်ရာခုံလေးထက်၌ထိုင်
နေလိုက်သည်။"ကိုကို ကကျွန်တော့်ကို ကြံ့ခိုင်စေချင်
တာလား...ကျွန်တော် ငိုတာမမြင်ချင်
ဘူးလား..ကိုကို...ကောင်းပြီလေ....
ကိုကို ကိုကို ဖြစ်စေချင်သလို ငယ်နေပါ့
မယ်...အချိန်တန်ရင်တော့ ကိုကို ငယ့်
အနားကို ပြန်လာခဲ့ပေးပါ....အဲ့တစ်ခု
ပဲ ငယ် တောင်းဆိုပါရစေ ကိုကို...."တုန်ရင်လို့နေသည့် ထိုကလေးရဲ့အသံ
ကြောင့် မဆီမဆိုင် သူ့ရင်တွေပါ နာကျင်
လာရသည်....ထို့နောက် သူကိုကိုဟုခေါ်
ဆိုခဲ့သော ထိုလူ၏ ရှေ့မှ ထွက်ခွာသွား
လေသည်။ရိပ်လှမ်းမြင်နေရသည့် ချာတိတ်ရဲ့ကျော
ပြင်သေးသေးဟာ တုန်ရင်လို့နေသည်။ဒေါက်...ဒေါက်....
တံခါးခေါက်ရင်း ၀င်လာသော သူ့ကိုလှမ်း
လို့ကြည့်လာသည့် ယုယလှဲ၍အိပ်စက်နေ
သော ကုတင်ဘေးထိုင်နေသော ချာတိတ်
၏ မျက်ဝန်းများသည် ပကတိဖြူစင်လျက်..။"လူကြီး ပြန်ရောက်ပြီလား...ဒါဆိုကျွန်
တော်သွားတော့မယ်နော်...မေ့ ကိုမနိုး
တော့ဘူး....စိတ်ချမယ်နော်...."ယုယဗိုက်ပေါ်ရောက်နေသည့်စောင်
လေးကို ရင်ဘက်နားထိဆွဲတင်ရင်း
တစ်တွတ်တွတ်မှာနေသော ချာတိတ်
၏ ပုံရိပ်သည် ယခုမတိုင်ခင်တွေ့ရှိခဲ့ရ
သော ပုံရိပ်နှင့် လားလားမှမဆိုင်........။ချာတိတ် ဟန်ဆောင်ကောင်းပေသည်...
"ဂရုစိုက်သွားအုန်း...."
YOU ARE READING
🍃ရွက်ကြွေ🍃🍃ရှကျကွှေ🍃(completed)
RomanceZawgi+Unicode "သစ်ရွက်တွေ မြေမှာခ အလွမ်းတွေနဲ့အကြွေရွက် လေနှာရာ သူပျော်ပါး ဖမ်းဆုတ်ခွင့်တောင် ကျွန်တော့်အား မပေးခဲ့ပါ" Non-Kpop Fiction With own chapter❤ "သစ်ရွက်တွေ မြေမှာခ အလွမ်းတွေနဲ့အကြွေရွက် လေနှင်ရာ သူပျော်ပါး ဖမ်းဆုတ်ခွင...