Zawgi...
ခပ်ဝေးဝေးကအဖြူရောင် အိမ်ကြီးကို
ငေးမောရင်း သက်ပြင်းမောတစ်ခုသာ
သူချနိုင်သည်။ပါးပြင်းထက်ပွတ်သတ်ကျီစယ်သွားသော
လေနုအေးသယ်ဆောင်လာသည့် ပန်းရနံ့
ကြောင့် ဘေးဘီဝဲကာရှာမိသည်။ခြံခေါင်းရင်းထောင့်က နှင်းဆီဝါတွေက
သူ့အားနွေးထွေးစွာ စီးကြိုနေလေသည်။ခြံခေါင်းရင်းတစ်ဝက်လောက် နှင်းဆီဝါ
ခင်းကြီးနှင့်သာပြည့်နှက်နေသည်မို့ ငယ့်
အခန်းကလှမ်းကြည့်ရင် လှပသည့်ပန်းချီ
ကားတစ်ချပ်လို အသက်ဝင်နေလောက်
သည်။တလျှပ်လျှပ်လှုပ်ခက်နေသည့် လိုက်ကာ
ဖြူလေးတည်ရှိရာ အပေါ်ထပ်အခန်းထောင့်
ကို ခေါင်းမော့ရင်းအနည်းငယ်စောင်းငဲ့
ကြည့်လိုက်မိသည်။ငယ် မထသေးဘူးထင်တယ်.....
ခပ်သွက်သွက်ပင် အိမ်ကြီးထဲကိုလျှောက်
လာမိတော့ ဧည့်ခန်းထဲတွင် လူအရိပ်အ
ယောင်ပင်မတွေ့ရသည်မို့ ငယ့်အခန်းရှိ
ရာဆီသာ တက်သွားလိုက်သည်။ဒေါက်...ဒေါက်....
"ငယ်...ကိုကိုဝင်လာပြီနော်....."
ကျွန်းသစ်တံခါးလေးအား ခပ်ဆက်ဆက်
ခေါက်ပြီး အထဲဝင်ကြည့်မိရာ ပိုင်ရှင်မဲ့
တိတ်ဆိတ်နေသော အခန်းငယ်.....ဟင်....အစောကြီးကို ငယ်ဘယ်တွေသွား
နေပြန်ပါလိမ့်.....ငယ့် အခန်းထဲက ခပ်ဝိုင်းဝိုင်း alarm
Clock လေးသည် တစ်ချက်ချက်မြည်ရင်း
မနက်၆နာရီ၃၀တွင် တည်တံ့နေသည်။ဖုန်းယူုပြီး ငယ့်အားဆက်ဖို့ပြင်ပြီးမှ
သတိရသည်က ငယ့် ဖုန်းနံပါတ် သူ့
မှာ ရှိမနေခဲ့ပါ။ကျွန်တော့်က သိပ်ကိုညံ့ဖျင်းလွန်းတဲ့
အကိုတစ်ယောက်အဖြစ် ထပ်ခါထပ်ခါ
လက်ခံနေရပြန်သည်။
YOU ARE READING
🍃ရွက်ကြွေ🍃🍃ရှကျကွှေ🍃(completed)
RomanceZawgi+Unicode "သစ်ရွက်တွေ မြေမှာခ အလွမ်းတွေနဲ့အကြွေရွက် လေနှာရာ သူပျော်ပါး ဖမ်းဆုတ်ခွင့်တောင် ကျွန်တော့်အား မပေးခဲ့ပါ" Non-Kpop Fiction With own chapter❤ "သစ်ရွက်တွေ မြေမှာခ အလွမ်းတွေနဲ့အကြွေရွက် လေနှင်ရာ သူပျော်ပါး ဖမ်းဆုတ်ခွင...