မချစ်ဖူး မပြောပါနဲ့ (12)(Z+U)

2.1K 127 8
                                    

အနောက်မှ သူ့နာမည်ခေါ်သံကြောင့် Kyungsoo နောက်လှည့်ကြည့်လိုက်တော့ မျက်နှာချင်းဆိုင်အခန်းမှ ဟိုလူကြီး

မျက်နှာကိုချက်ချင်းလွှဲလိုက်ပါသည်။

လာနှုတ်ဆက်တဲ့ ပုံကိုလည်းကြည့်ဦး....

အလုပ်ထဲမှာဝတ်သည့် အ၀တ်အစား ညစ်စုတ်စုတ်တွေပေါ်မှာ ဂျင်းအင်္ကျီ ခပ်နွမ်းနွမ်းတထည်ကို ထပ်ဝတ်ထားရုံပါ

ဒီကြားထဲ ချွေးနံ့ခပ်စူးစူးကလည်း နှာခေါင်းထဲသို့ အလုံးအရင်းဖြင့် တိုးဝင်နေကြပါသည်။

ကျောင်းကသူငယ်တွေကလည်း သူတို့နှစ်ယောက်ကို ကွက်ကြည့်ကွက်ကြည့်နဲ့ တစေ့တစောင်း အကဲခတ်နေကြပါပြီ

"ဟေ့! ကောင်လေး! Kyungsoo! ကိုယ့်ကိုမမှတ်မိဘူးလား? ကိုယ် Kim kaiလေ..! ဟိုတလော မိုးရွာတဲ့နေ့က!"

"sorry! ခင်များလူမှားနေပြီ ကျွန်တော်ခင်များကို မသိဘူး"

အကဲခတ်နေတဲ့ သူငယ်ချင်းတွေရဲ့ မျက်လုံးတွေကြောင့် ထိုလူကြီးကို မသိဘူးဟုပဲ Kyungsoo ခပ်တင်းတင်း ငြင်းလိုက်ပါသည်။

"အဟွန်း! မမှားပါဘူး ကောင်လေးရဲ့ ကိုယ်နဲ့ကောင်လေး အဲ့ဒီနေ့က သူငယ်ချင်း...!!"

"ခင်များထွက်သွားရင်ကောင်းမယ် ခင်များကို မသိဘူးလို့ ပြောနေတယ်မလား မနှောင့်ယှက်ပါနဲ့ ပြောလို့မရရင် လုံခြုံရေးခေါ်လိုက်မယ်"

မျက်စိစုံမှိတ်ပြီး ငြင်းပစ်လိုက်တယ် ရင့်သီးတဲ့ စကားတွေသုံးပြီး ငြင်းပစ်လိုက်ပါတော့သည်။

"အာ____ကိုယ်တောင်းပန်ပါတယ်... လူမှားတယ်ဆိုတော့လည်း မှားတာပေါ့ ဒါပေမဲ့ ဒီရေခဲမုန့်လေးတော့ ယူလိုက်ပါနော် မင်းအတွက် ၀ယ်လာတဲ့ဟာလေးမလို့"

"ဘာလဲ! ဘယ်ကလူလဲ ကျုပ်သူငယ်ချင်းကို ဘာတွေလာကြောင်နေတာလဲ!!"

ထိုစဉ် မုန့်ဝယ်ပြီးပြန်လာတဲ့ ယန်းဟိုက တွေ့သွားပြီး ထိုလူကြီးလက်ထဲမှ ရေခဲမုန့်ကို လှမ်းယူကာ အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်ပါတော့သည်။

"ခင်များ သွားလိုက်တော့ ဘိုးတော်! ဒီနားမှာ ကျုပ်တို့သူငယ်ချင်းတွေချည်းပဲ ရုတ်ရုတ်သည်းသည်းဖြစ်သွားရင် ခင်များရဲစခန်းရောက်သွားမယ်"

မချစ်ဖူး မပြောပါနဲ့(Xiuchenမချစ်ဖူး မပြောပါနဲ့ ,,Dika)Z+U(COℳPℓξፐξD)Nơi câu chuyện tồn tại. Hãy khám phá bây giờ