"ကိုကို! ညီမလေး Luhanအစ်ကိုနဲ့ လက်ထပ်တော့မယ်..."
ညီမဖြစ်သူရဲ့ ခံစားချက်ကို အဆုံးစွန်ထိ နာလည်ထားတဲ့သူမို့ jonginဘက်က ကန့်ကွက်စရာမရှိပါ
"သေသေချာချာ ဆုံးဖြတ်ပြီးပြီလား ညီမလေး..."
"Luhanအစ်ကိုနဲ့ဆို ညီမလေးတို့သားအမိ ပျော်ရွှင်စရာမိသားစုဘ၀ ပိုင်ဆိုင်ရမယ်လို့ ယုံကြည်ပါတယ်"
"ကောင်းပြီလေ...ညီမလေးက ညီမလေးဘ၀အတွက် တကယ်လိုအပ်တယ်ထင်လို့ ရွေးချယ်လိုက်တာပဲ ကိုကို့အနေနဲ့ ကန့်ကွက်စရာ မရှိပါဘူး လိုအပ်တဲ့ အကူအညီရှိရင်သာ ကိုကို့ကိုပြော ဟုတ်ပြီလား..."
"ဟုတ်ကဲ့ကိုကို! ညီမလေးကို နားလည်ပေးလို့ ကျေးဇူးတင်ပါတယ်... ကိုကိုလည်း အနားယူလိုက်ပါဦး ပြီးတော့..မတ်လေးအပေါ်လည်း အရမ်းကြီး စိမ်းစိမ်းကားကား မလုပ်ပါနဲ့.."
"ကိုကိုသိပါတယ်ကွာ...အဲ့ဒါတွေကို စိတ်ထဲထားမနေနဲ့ ကိုယ့်ဘ၀ရှေ့ရေးအတွက် စီစဉ်စရာရှိတာသာ စီစဉ်စမ်းပါ"
"ဟုတ်ကဲ့ပါ! အဲ့ဒါဆို ညီမလေးကို ခွင့်ပြုပါဦး"
သူ့ကိုနှုတ်ဆက်ပြီး ထွက်သွားတဲ့ ညီမဖြစ်သူရဲ့ နောက်ကျောလေးကိုကြည့်ကာ သက်ပြင်းမောကြီးကို ချလိုက်ပါတော့သည်။
ညီမလေးရဲ့ဘ၀ တကယ့်ကို အေးချမ်းတော့မှာပဲ....
~•~•~•~•~•~•~•~•~•~•~•~•~•~•
"တ__တကယ်လား Xiu!! ကိုယ်__ကိုယ်ဝမ်းသာလိုက်တာ Xiuရယ်..."
သမီးလေးကို ပွေ့ထားတဲ့ Luhanအစ်ကိုက ၀မ်းသာအားရဖြင့် သူမကိုပါ သူ့ရင်ခွင်ထဲဆွဲသွင်းကာ ပွေ့ဖက်ထားပါသည်။
သူမရင်ထဲမှာ ဖြစ်တည်နေတဲ့ သောကအားလုံး ငြိမ်းချမ်သွားသလို ခံစားလိုက်ရတယ်...
ဒီရင်ခွင်ကို ဘာကြောင့်များ စောစောစီးစီးမခိုလှုံခဲ့မိတာလဲ
နောင်တအသေးလေး ရမိပါရဲ့... ဒီလူသားလေးရဲ့ ချစ်ခြင်းမေတ္တာကိုရတဲ့ သူမဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး မိန်းမပါလား...
"ချစ်တယ်Xiuရယ်...!! ကိုယ့်ဘ၀ထဲကို ၀င်လာပေးဖို့ ဆုံးဖြတ်တဲ့အတွက်ရော သမီးလေးရဲ့ Daddyဖြစ်ခွင့်ပေးတဲ့အတွက်ရော မင်းကို ကျေးဇူးတင်ပါတယ်ကွာ..."
VOCÊ ESTÁ LENDO
မချစ်ဖူး မပြောပါနဲ့(Xiuchenမချစ်ဖူး မပြောပါနဲ့ ,,Dika)Z+U(COℳPℓξፐξD)
FanficFbမှာ တင်ခဲ့တဲ့ficလေး edit နည်းနည်းပြန်လုပ်ထားပါတယ် xiuchen (normal) kaisoo, dika (yaoi)