မချစ်ဖူး မပြောပါနဲ့ (14)(Z+U)

2.3K 115 0
                                    

"ကိုယ်မတောင်းပန်တော့ဘူး ကလေး!"

"..............."

Kyungsoo ဘာစကားမှ ခွန်းတုံ့မပြန်တော့ပဲ ကြမ်းပြင်ပေါ်၌ ပစ်ချထားသော အင်္ကျီလေးကို ကောက်ဝတ်ပြီး ထိုလူကြီးအား ကျောပေးကာ ထိုင်နေမိပါသည်။

တောင်းပန်စရာမလိုပါဘူး ဒီအဖြစ်အပျက်က လူကြီးတဖက်သတ်အမှားမှ မဟုတ်တာ သူကိုယ်တိုင်လည်း သာယာခဲ့မိတာပဲ

"ကိုယ်မင်းကိုချစ်တယ် ချစ်လွန်းလို့ အခုလိုစိတ်မထိန်းနိုင်ဖြစ်သွားခဲ့ရတာပါ အဲ့ဒီအတွက် မင်းကိုကိုယ်..!!!"

"ရတယ် ခင်များတာဝန်ယူစရာ မလိုပါဘူး"

"မဟုတ်တာ မင်းကိုကိုယ်....."

"ရပါတယ် Kim kai shi ကျွန်တော်က မိန်းကလေးမှမဟုတ်တာ ဗိုက်မကြီးနိုင်ပါဘူး"

"မဟုတ်သေးဘူး ကလေးရယ်....ကိုယ်မင်းကိုချစ်တယ် ပိုင်ဆိုင်ချင်တယ်"

"sorry! ညက အဖြစ်အပျက်ကို မေ့လိုက်ပါတော့ ကျွန်တော်လည်း အဲ့ဒီလိုလုပ်မှာမလို့"

ပြောပြီး ဟိုလူကြီးကို တချက်မှ လှည့်မကြည့်ပဲ ထားခဲ့လိုက်ပါတော့သည်။

အဲ့လူကြီးလို ဘာမှမက်မောစရာမရှိလူက သူ့ကို လက်ထပ်မယ် ဟုတ်လား?

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.... ဂုဏ်တွေငွေတွေ မက်လွန်းတဲ့အမေ ဒီလူကြီးကို အိမ်ခေါ်သွားကြည့်ပါလား တခါတည်း သွေးတက်သွားမှာ အသေအချာပင် ပြီးတော့....ပြီးတော့....ဒီလူကြီးနဲ့ ဘ၀တစ်ခုထူထောင်ဖို့ Kyungsoo စိတ်မကူးရဲဘူး.....

~~~~~~~~~~~~~~~~~~~~~~~~~~~

နောက်နေ့ နောက်နေ့တွေလည်း ဟိုလူကြီးက တွေ့ဖို့ကြိုးစားပေမဲ့ kyungsoo လက်မခံမိ ရှောင်တိမ်းပြီးတော့သာ နေ,နေခဲ့ပါသည်။

လူကြီးနဲ့ မှားယွင်းခဲ့ပြီး ဆယ်ရက်ပြည့်တဲ့နေ့ ယန်းဟိုပြန်လာတော့မယ်ဆိုလို့ ကုန်တိုက်မှာ လိုအပ်တာတွေဝယ်ဖို့ ထွက်လာခဲ့ပါတယ်

လိုအပ်တာတွေဝယ်ပြီး ပြန်လာတော့ လက်နှစ်ဖက်စလုံးမှာ အထုတ်အပိုးတွေကအပြည့်

"kyungsoo!"

အနောက်မှ ဟိုလူကြီးအသံကြောင့် လှည့်မကြည့်ပဲ သူ့ ခြေလှမ်းတို့ကိုသာ အရှိန်တင်လိုက်ပါတယ်

မချစ်ဖူး မပြောပါနဲ့(Xiuchenမချစ်ဖူး မပြောပါနဲ့ ,,Dika)Z+U(COℳPℓξፐξD)Nơi câu chuyện tồn tại. Hãy khám phá bây giờ