မချစ်ဖူး မပြောပါနဲ့ (18)Xiuchen,,Dika(Z+U)

2.3K 133 2
                                    

အစ်ကိုဖြစ်သူရဲ့ ပြန်လာခဲ့တော့ဟူသော စကားတစ်ခွန်းကြောင့် တရုတ်တွင် အခြေကျ နေထိုင်နေသော Xiumin ကိုရီးယားသို့ပြန်လာခဲ့ပါသည်။

လေယာဉ်ပေါ်မှာကတည်းက အိပ်ပျော်နေသော mindaeလေးက ကိုကိုအကြိုလွှတ်လိုက်တဲ့ ကားပေါ်ရောက်သည်အထိ မနိုးသေးပါ

Kim mindaeဆိုတဲ့ သမီးလေးရဲ့ မျက်နှာကို ငုံ့ကြည့်ပြီး သူမ မျက်ရည်ဝဲလာမိပါသည်။

"သမီးလေးက အိပ်နေတုန်းလား xiu"

သူမရဲ့ အခြေအနေကို အကဲခတ်မိတဲ့ luhanအစ်ကိုက စကားလမ်းကြောင်းလွှဲကာ အာရုံလွဲသွားဖို့ စကားပြောလိုက်မှန်း သူမ,သိပါတယ်

"ဟုတ်တယ် အစ်ကို! သမီးလေးက နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေတာ"

"ကိုယ်တော့ ခင်များလေးတို့ သားအမိကို လွမ်းနေရတော့မှာပဲကွာ..."

"..............."

Luhanအစ်ကိုဆီက ထိုစကားများ ကြားရတော့လည်း xiuစိတ်မကောင်းပါ

"ကိုယ် သမီးလေးကို ခဏခဏလာတွေ့လို့ရမယ်မလားဟင်"

သူမ,သိပါတယ် luhanအစ်ကိုက သမီးလေးကို ဘယ်လောက်ချစ် ဘယ်လောက်သံယောဇဉ်ရှိလည်းဆိုတာ

သမီးလေးကို မွေးကတည်းက တအိမ်ထဲနေပြီး ထွေးပွေ့ထိန်းကျောင်းလာတာဆိုတော့ luhanအစ်ကိုနဲ့ သမီးလေးရဲ့ သံယောဇဉ်နက်ရှိုင်းမှုက စကားနဲ့ပင် နှိုင်းစရာမလို

သမီးလေးအတွက် လိုအပ်နေသော ဖခင်မေတ္တာကို အပြည့်အ၀ပေးခဲ့သူက Xiao luhanဆိုတဲ့ luhanအစ်ကိုသာ ဖြစ်ခဲ့ပါတယ်

"အင်းပါ အစ်ကိုရယ်...သမီးလေးကို ကြိုက်တဲ့အချိန် လာတွေ့လို့ရပါတယ် ညီမတို့သားအမိက အစ်ကို့ကို အမြဲတမ်းကြိုဆိုနေမှာပါ...."

"၀မ်းသာလိုက်တာ xiuရယ်...ပြီးတော့ ကျေးဇူးလည်း တင်ပါတယ် နောက်ပြီး ပြောလက်စနဲ့ တခါတည်း ပြောလိုက်ပါရစေ သမီးလေး သုံးနှစ်ပြည့် မွေးနေ့မှာ မင်းတို့သားအမိကို တရားဝင် စောင့်ရှောက်ခွင့် ကိုယ့်ကို ပေးပါတော့နော်"

"ဟုတ်ကဲ့! ညီမ စဉ်းစားနေပါတယ် အစ်ကို... ! အချိန်ခဏလေးတော့ ပေးပါနော်"

မချစ်ဖူး မပြောပါနဲ့(Xiuchenမချစ်ဖူး မပြောပါနဲ့ ,,Dika)Z+U(COℳPℓξፐξD)Onde histórias criam vida. Descubra agora