မချစ်ဖူး မပြောပါနဲ့(9)(Z+U)

2.2K 139 4
                                    

ညနေ ထမင်းစားဧည့်သည် ဖိတ်ထားတယ်ဆိုပြီး ယောက္ခမကြီးက ဟင်းချက်စရာတချို့ ၀ယ်ခိုင်းသဖြင့် သူမလည်း လိုအပ်သည့်ပစ္စည်းများဝယ်ကာ အိမ်ပြန်လာခဲ့ပါသည်။

ခြံထဲဝင်လာကတည်းက နောက်ကျောထဲ ချမ်းစိမ့်စိမ့် မိုးရွာမှာထင်တယ် ကောင်းကင်တစ်ခုလုံး မှောင်မည်းအုံ့စိုင်းနေတာပဲ

“သူဌေးကတော်ကြီး! သူဌေးကတော်ကြီး"

Dr.Ho yoonရောက်လာသည့်နေ့မှစပြီး ဒေါက်တာ့ရဲ့ အမေကို  ယောက္ခမကြီးလို့ မခေါ်တော့ပါ

သူမ မှာလည်း မာနလေးတော့ ရှိပါသည်။

အိမ်ထဲရောက်သည်နှင့် xiuအသံပြုလိုက်ပေမဲ့ ဘယ်သူမှမတွေ့ရ

|ဘယ်များ ထွက်သွားပါလိမ့် အိမ်မှာဘယ်သူမှမရှိဘူးထင်တယ်|

တွေးတွေးဆဆလေးဖြင့် ၀ယ်ခြမ်းလာသည့် ပစ္စည်းပစ္စယများကို မီးဖိုခန်းထဲရှိ စားပွဲလေးပေါ် တင်လိုက်ပါသည်။

“ပြန်လာပြီလား..ကိုကြီးရဲ့ ကလေးလေး! မျှော်လိုက်ရတာကွာ..."

သူမနောက်ကျောမှ ထွက်ပေါ်လာသည့် ရွံစရာအသံကြီးကြောင့် ထမင်းစားခန်းထဲမှ မြန်မြန်ထွက်သွားဖို့ xiuကြံစည်လိုက်ပါသည်။

“အဟက်ဟက်!ဖြည်းဖြည်း ကလေးလေး! ချော်လဲတော့မှာပဲကွာ ကလေးလေးသာ တစ်ခုခုဖြစ်သွားရင် ကိုကြီးရင်ကျိုးလိမ့်မယ် ကလေးရဲ့..."

သူမလက်ကို လှမ်းဆွဲပြီး အန်ချင်စရာပုံစံနဲ့ ပြီတီတီစကားများ ပြောနေပြန်ပါသည်။

“ဟိုတနေ့က ပါးရိုက်ခံထားရတာ ရှင်မမှတ်သေးဘူးထင်တယ်"

“ဟုတ်တယ် အဲ့ဒီနေ့ကတည်းက ကိုကြီးက ကလေးလေးကို စွဲလမ်းသွားတာ ဒီလို မိန်းကလေးနဲ့သာ sexလိုက်ရရင်တော့...ဆိုပြီးတော့လေ ဟက်ဟက်...!"

ဘုရား...ဘုရား...သူမကို ဒီလူကြီးက စော်ကားလိုက်တာလား သူမရဲ့ ကိုယ်ကျင့်တရားနဲ့ သိက္ခာရော ဘယ်ရောက်သွားပြီလဲ

ခံပြင်းစိတ် ၀မ်းနည်းစိတ်တို့နဲ့ အသားတွေ တဆတ်ဆတ်တုန်လာသည်အထိ ဒေါသထွက်သွားပြီး..

“ဖယ်! လွှတ်! လူယုတ်မာ ခွေးသူတောင်းစား!"

“လွတ်ပေးစရာလား ကိုယ့်မိန်းကလေးရဲ့...မင်းရဲ့ ယောက္ခမကြီးက မင်းကို ကိုယ့်လက်ထဲအပ်သွားခဲ့တာ ဘာတဲ့! မင်းကိုပေးတာဆိုလား..."

မချစ်ဖူး မပြောပါနဲ့(Xiuchenမချစ်ဖူး မပြောပါနဲ့ ,,Dika)Z+U(COℳPℓξፐξD)Donde viven las historias. Descúbrelo ahora