Seoulမှ ခေါ်လာသော ရှေ့နေကြီးများရှေ့တွင် Kim Chenနှင့် Kim Xiumin တရားဝင် လက်မှတ်ထိုးပြီး လက်ထပ်ပြီးသွားခဲ့ပါပြီ
ကိစ္စဝိစ္စများ အားလုံးပြီးစီးသွားခဲ့သည်နှင့် Chenဒီနယ်မြေဒီနေရာမှာ တစ်မိနစ် တစ်စက္ကန့်မှ မနေချင်တော့သဖြင့် မတ်တတ်ရပ်လိုက်ပြီး
“သွားမယ်! မင်းပစ္စည်းတွေ သွားသိမ်းတော့"
“ရှင်"
“နားမလည်ဘူးလား? သွားတော့မယ်လို့ပြောနေတာ မင်းမှာ ဘာပစ္စည်းမှ ယူစရာမရှိဘူးလား အဲ့ဒါဆိုလည်း ဒီအတိုင်းသွားမယ်!"
ပြောပြောဆိုဆိုဖြင့် မိန်းကလေးလက်ကို ဆောင့်ဆွဲခေါ်လိုက်ပါသည်။
“အ့! ကျွန်မလက်ကို လွှတ်ပါ ဒေါက်တာရယ် နာတယ်"
လက်ကို ကြိတ်ပြီးဆွဲခံလိုက်ရသောကြောင့် Xiuလက်ကောက်ဝတ်လေးမှာ ပြောမပြတတ်အောင် နာကျင်သွားရပါသည်။
ဒေါက်တာ့လက်ထဲမှ သူမလက်ကလေးကို ဆွဲဖြုတ်ရင်း မျက်ရည်များဝိုင်းတက်လာကာ ရုန်းလိုက်ပါသည်။
“ကျွန်တော့ညီမလေးရဲ့လက်ကို လွှတ်လိုက်ပါ ဒေါက်တာ''
“မင်းဒီမှာနေခဲ့မှာလား Kim Xiumin?"
Kim Jonginရဲ့ စကားကို သူအရေးမလုပ် နံဘေးက မိန်းကလေးကိုသာ မျက်နှာထိမျက်နှာထားဖြင့် မေးလိုက်ပါသည်။
“ဟုတ်! ဟုတ်ကဲ့ ကျွန်မလိုက်ခဲ့ပါ့မယ် ဒါပေမဲ့ ကျွန်မလက်ကို လွှတ်ပေးပါ"
“ငါ့ကို အမိန့်မပေးနဲ့ မတောင်းဆိုနဲ့ မင်းကငါ့မိန်းမ ငါလုပ်သမျှ ငါခိုင်းသမျှ နာခံရမယ် နားလည်လား?"
သူ့အရှေ့မှာပင် ညီမဖြစ်သူကို ဆွဲခေါ်သွားတဲ့ ဒေါက်တာ Kim chenကို ကြည့်ပြီး Jongin ဒေါသတွေ ဖြစ်နေရပေမဲ့ ဒေါက်တာ ပြောသလိုပင် ညီမလေးက သူများရဲ့ သက်ဆိုင်သူ ဖြစ်သွားပြီလေ သူ့အနေနဲ့ ဘာများဝင်ပြောလို့ရဦးမှာတဲ့လဲ
အခုအချိန်မှာ သူလုပ်ပေးနိုင်တာ တစ်ခုတည်းပဲ
“““ငါ့ညီမလေး သာယာပျော်ရွှင် ချမ်းမြေ့တဲ့ မိသားစုဘ၀လေး ပိုင်ဆိုင်ပါစေဟာ"""
![](https://img.wattpad.com/cover/139935194-288-k597927.jpg)
ESTÁS LEYENDO
မချစ်ဖူး မပြောပါနဲ့(Xiuchenမချစ်ဖူး မပြောပါနဲ့ ,,Dika)Z+U(COℳPℓξፐξD)
FanficFbမှာ တင်ခဲ့တဲ့ficလေး edit နည်းနည်းပြန်လုပ်ထားပါတယ် xiuchen (normal) kaisoo, dika (yaoi)