Kyungsoo မနက် အိပ်ယာနိုးတော့ လူကြီးရဲ့ရင်ခွင်ထဲ နွေးထွေးစွာ ရောက်နေပါသည်။
အာ_____ဟုတ်သားပဲ..! မနေ့ညက လူကြီးအရမ်းဆိုးတယ်...
“အဟွန်း...."
ကိုယ့်အတွေးလေးကို ပြန်ပြုံးမိရပြန်ပါပြီ...
လူကြီး မနိုးအောင် ရင်ခွင်ထဲမှ အသာအယာ ရုန်းထွက်လိုက်တော့
လူကြီးက ကလေးငယ်လေးလို စူတူတူဖြင့် ကိုယ်ရာတစ်ချက်ပြင်ကာ တဖက်လှည့်အိပ်သွားခဲ့ပါတယ်...
အိပ်မောကျနေတဲ့ လူကြီးက အပြစ်ကင်းစင်လိုက်တာ...
ကြည့်မ၀ ဖြစ်နေတဲ့ ချစ်သူလူကြီးရဲ့မျက်နှာကို တချက်ကြည့်ကာ ကုတင်ခြေရင်းမှာကျနေတဲ့ ဘောင်းဘီလေးကို ကောက်ဝတ်လိုက်ပြီး အိပ်ယာထဲမှ ထွက်လိုက်ပါတော့သည်။
တဆက်တည်းမှာလည်း ခေါင်းရင်းစားပွဲပေါ်မှာ တင်ထားတဲ့ ဖုန်းနာရီလေးကို ယူကြည့်လိုက်ပါတယ်
ခုနစ်နာရီခွဲနေပြီ
အာ____ဒီလူကြီးကြောင့် အားလုံးနောက်ကျကုန်တာ....
စူပွပွတွေးရင်း ရေချိုးခန်းထဲ ခပ်သွက်သွက်ဝင်ကာ ကိုယ်လက်သန့်စင် ရေချိုးလိုက်ပါတော့သည်။
~•~•~•~•~•~•~•~•~•~•
ရေနွေးနွေးလေးနဲ့ စိမ်ချိုးလိုက်တော့ Kyungsoo ပင်ပန်းနှုန်းချိနေသမျှ သက်သာသွားခဲ့ပါသည်။
မိုးပြာရောင်တီရှပ်လေးနှင့် နက်ပြာရောင် ဘောင်းဘီရှည်လေးကိုဝတ်ဆင်ကာ အောက်ထပ်ကို အပြေးလေးဆင်းလာခဲ့ပါတယ်...
မနက်စာ ပြင်ရဦးမည်။
“ဟော_____!မတ်လေး...နိုးလာပြီလား? ဒီမှာ အစ်မ မနက်စာပြင်ထားတယ်! စားလိုက်ဦး..."
မရီးက မနက်စာပြင်နေရင်းနဲ့ ပြုံးရွှင်စွာ လှမ်းနှုတ်ဆက်ပါတယ်...
ဘယ်အချိန်ကတည်းက ပြန်ရောက်နေသည်မသိ...သူမျက်နှာ ထူပူသွားမိရပါသည်။
“ဟို___ဟို...! ကျွန်တော်လုပ်မှာပေါ့...မရီးရယ်..."
“အဟင်း! ဟုတ်ပါပြီ...! ဒီနေ့တော့ ထားလိုက်တော့... နောက်ရက်မှပဲ မောင်လေးချစ်ချစ်အတွက် ပြင်ပေးပါ..!ဟုတ်ပြီလား? လာ! ထိုင်! မနက်စာစား! အစ်မ ပြင်ပေးထားတယ်...."
VOCÊ ESTÁ LENDO
မချစ်ဖူး မပြောပါနဲ့(Xiuchenမချစ်ဖူး မပြောပါနဲ့ ,,Dika)Z+U(COℳPℓξፐξD)
FanficFbမှာ တင်ခဲ့တဲ့ficလေး edit နည်းနည်းပြန်လုပ်ထားပါတယ် xiuchen (normal) kaisoo, dika (yaoi)