မချစ်ဖူးမပြောပါနဲ့ (25)(Z+U)

2.2K 177 26
                                    

Chenတစ်ယောက် အိပ်ယာအပြောင်းအလဲကြောင့်ထင်ပါ့ မနက်ဆယ်နာရီထိုးခါနီးမှ နိုးလာခဲ့ပါသည်။

ရေမိုးချိုး ကိုယ်လက်သန့်စင်ပြီး အောက်ထပ်ကိုဆင်းလာတော့ မည်သူမျှမတွေ့တော့...

ဒီအချိန်မှတော့ ညီဖြစ်သူလည်း ကျောင်းသွားလောက်ပြီ

ဟိုမေတ္တာတုံး ရွှေယောက်ဖလည်း ကုမ္ပဏီသွားပြီထင်တယ်...

ဒါ__ဒါဆို ဟိုသားအမိရော!! ဘယ်မှာလဲ?

သိချင်စိတ်တို့နဲ့ တအိမ်လုံးကို မျက်စိဝေ့ကြည့်တော့ လူရိပ်လူရောင် တစိုးတစိမျှမတွေ့ရပါ...

မရှိကြဘူးလား...

ဟူးးးးး

ဘယ်အရာကို စိတ်ရှုပ်ထွေးသွားသည်မသိ အဓိပ္ပာယ်မဲ့ သက်ပြင်းမော လေပူကြီးကို မှုတ်ထုတ်လိုက်ရင်း Breakfast စားရန် ထမင်းစားခန်းထဲသို့ ၀င်လာခဲ့ပါသည်။

တကယ်တမ်း စားသောက်တော့မယ်ဆိုတော့ ဘာစားလို့ စားရမှန်းမသိ... ဘာမှလည်း မပြင်ဆင်ပေးထား...

ကြံရာမရသည့်အဆုံး စားပွဲပေါ်မှာတွေ့တဲ့ ကော်ဖီမှုန့်ပုလင်းကြောင့် ကော်ဖီခါးခါးတခွက်ဖျော်ကာ အိမ်ရှေ့ထွက်လာခဲ့ပါသည်။

"ခ်...ခ်...ခ်...ခ်.."

"မပြေးနဲ့လေ သမီးလေးရဲ့ ချော်လဲတော့မှာပဲကွယ်..."

ဟိုသားအမိနှစ်ယောက် အပြင်ကပြန်လာတယ်တယ်နဲ့ တူပါရဲ့ လူကိုမမြင်ရသေး... အသံတွေကိုပဲ အရင်ဆုံး ကြားလိုက်ရပါသည်။

ကလေး,လေးက အရှေ့ကိုမကြည့်ပဲ နောက်ကလိုက်လာတဲ့ သူ့အမေကို လှည့်တကြည့်ကြည့်ဖြင့် အိမ်ထဲကို ပြေးဝင်လာတော့..

"ဘုတ်!!!"

အိမ်ထဲမှာ မတ်တတ်ရပ်နေတဲ့ သူနဲ့တိုက်မိပြီး ဖင်ထိုင်လျက် လဲကျသွားခဲ့ပါတယ်

ရုတ်တရက်မို့ Chenလည်း ကယောင်ကတမ်းဖြင့် လက်ထဲက ကော်ဖီခွက်ကို စားပွဲပေါ်တင်လိုက်ကာ လဲကျနေတဲ့ ကလေးလေးကို ပွေ့ချီလိုက်ပါသည်။

"သမီးလေး..."

အပေါက်ဝမှာ သွေးဆုတ်ဖြူရော်နေတဲ့ မျက်နှာနဲ့ ရပ်ကြည့်နေတဲ့ Kim Xiuminက လက်ထဲက အထုတ်တွေကို ပစ်ချလိုက်ပြီး သူ့လက်ထဲက သမီးလေးကို ဆွဲလုပါသည်။

မချစ်ဖူး မပြောပါနဲ့(Xiuchenမချစ်ဖူး မပြောပါနဲ့ ,,Dika)Z+U(COℳPℓξፐξD)Où les histoires vivent. Découvrez maintenant