မချစ်ဖူး မပြောပါနဲ့(32)(Z+U)

1.9K 156 13
                                    

"ဟင့်အင်း အစ်ကို!"

သူမပခုံးကို ဆုပ်ကိုင်လိုက်တဲ့ Luhanအစ်ကိုရဲ့ လက်တွေကို ဖယ်ချလိုက်ပြီး ကြောက်လန့်တကြားဖြင့် နေရာမှ Xiuထ,ရပ်လိုက်ပါသည်။

"ဘာလို့လဲ Xiuရဲ့! ဒီနေ့က ကိုယ်တို့ရဲ့ မင်္ဂလာဦးညလေ.."

Xiuလက်ကို လှမ်းကိုင်ဖို့ ကြိုးစားနေတဲ့ Luhanအစ်ကိုရဲ့လက်တွေကို ရှောင်ရှားလိုက်ပြီး...

"ဟင့်အင်း..! ဟင့်အင်း! Luhanအစ်ကို! ညီမ အဆင်သင့်မဖြစ်သေးဘူး..."

"ကျစ်စ်..!ဘာလို့လဲကွာ..."

"..............."

စိတ်ရှုပ်ထွေး နားမလည်ဟန်ဖြင့် Luhanအစ်ကိုက စုပ်သပ်ကာ နှစ်ယောက်အိပ် ကုတင်ပေါ်မှာ ထိုင်ချလိုက်ပါတယ်...

အတန်ကြာသည်အထိ မတ်တတ်ရပ်နေရာမှ Xiuလည်း တုန်ယင်ကြောက်ရွံ့နေသည့်စိတ်တို့ကို အားတင်းကာ မှန်တင်ခုံရှေ့ ထိုင်ခုံလေးမှာ ပြန်ထိုင်လိုက်ပါသည်။

နှစ်ယောက်တည်းရှိသည့် မင်္ဂလာအခန်းကြီးကတော့ ရင်ခုန်စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်လျံနေရမည့်အစား ပြောစရာစကားများ မရှိတော့သည့်နှယ် တိတ်ဆိတ်သွားခဲ့တယ်...

"ကောင်းပြီလေ...ဒီနေ့ညအတွက်ပဲမလား...Xiu"

"ဟင့်___ဟင့်အင်း..! ညီမ မသိဘူး အစ်ကို..."

"တောက်!!!"

Luhanလည်း တောက်တစ်ချက် တင်းတင်းခေါက်ကာ မင်္ဂလာအိပ်ခန်းထဲမှ ထွက်လာခဲ့ပါတော့တယ်...

အခန်းထဲတွင်တော့ ဘာကြောင့်ရယ်မသိပဲ အိပ်ယာပေါ် မှောက်အိပ်ကာ ချုံးပွဲချ ငိုရှိုက်နေသော အဖြူရောင် သတို့သမီးလေး...

~•~•~•~•~•~•~•~•~•

နောက်တနေ့နံနက်

Xiuရေမိုးချိုး အ၀တ်အစားလဲကာ နံနက်စာပြင်ရန် အောက်ထပ်သို့ ဆင်းလာခဲ့ပါတယ်...

အောက်ထပ်ရှိ Guest roomထဲမှ ထွက်လာသော Luhanအစ်ကိုက အလုပ်သွားတော့မဲ့ပုံဖြင့် လက်ထဲမှာ သားရေအိတ်ကလေးကို ဆွဲကိုင်ထားပါတယ်

"အစ်ကို အလုပ်သွားတော့မလို့လား...ညီမ Breakfast ပြင်လိုက်မယ်လေ"

မချစ်ဖူး မပြောပါနဲ့(Xiuchenမချစ်ဖူး မပြောပါနဲ့ ,,Dika)Z+U(COℳPℓξፐξD)Where stories live. Discover now