မချစ်ဖူး မပြောပါနဲ့(1) (Z+U)

2.8K 166 7
                                    

ညစာစား ဆေးကြောသိမ်းဆည်းပြီးချိန်ထိ ချစ်ခင်ပွန်း ဒေါက်တာ Kim Chen ပြန်ရောက်မလာသေးပါ

ယောက္ခမကြီးနဲ့ မတ်လေးကတော့ အသီးလေးစားလိုက် T.V dramaလေးကြည့်လိုက်နဲ့ အနားယူနေပါပြီ

“Omma! ကိုကိုလည်း ပြန်မလာသေးဘူးနော်"

မတ်ကလေးက နာရီကို လှမ်းကြည့်ပြီး ယောက္ခမကြီးကို လှမ်းပြောလိုက်ပါသည်။

“ငါ့သားလေးက ဘယ်ပြန်လာချင်ပါ့မလဲ အိမ်ပြန်လာလည်း ကျက်သရေမရှိတာပဲ တွေ့နေရတာကိုး.. မင်းးအစ်ကို ငါ့သားကြီး သနားပါတယ် သူ့ခမျာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင့်တာဝန် ထမ်းနေရတာ မင်းအဖေသာ ရှိသေးရင်တော့ ဘယ်လောက်တောင် ရင်နာလိုက်မလဲ"

Xiuလည်း အိမ်ပေါ်ထပ်တက်မည့်အရေး ယောက္ခမကြီးရဲ့ စောင်းမြောင်းပြောဆိုခြင်းကို ကြားဖြစ်အောင် ကြားလိုက်ရပါသေးသည်။

အမြဲတမ်းပြောနေကြမလို့ အရည်ထူနေပြီဆိုပေမဲ့လည်း အဲ့ဒီလိုအပြောခံရတိုင်း ကိုယ့်ကိုယ်ကို သိမ်ငယ်သလို ခံစားနေမိပါသည်။

ဘာစကားမှ ပြောမနေတော့ပဲ တိတ်တဆိတ် အိမ်ပေါ်ထပ် တက်သွားဖို့ ကြိုးစားလိုက်ပေမဲ့

“အစ်မXiu!"

ကျစ်! လှေကားပေါ် ရောက်နေတဲ့ သူမကို မတ်လေးက မြင်ဖြစ်အောင် မြင်သွားပါသေးသည်။

“ပြောလေ မောင်လေး ဘာခိုင်းစရာရှိလို့လဲ!"

“ဟိုလေ ကျွန်တော့ရဲ့ ကျောင်းဝတ်စုံလေးတွေ မလျှော်ရသေးဘူး အဲ့ဒါ!"

“အစ်မကို ပေးခဲ့လေ မနက်ဖြန် အစ်မလျှော်ပေးထားပါ့မယ်"

ဒီနေ့အဖို့တော့ သူမအနားယူချင်ပြီ ထို့ကြောင့် မနက်ဖြန်မှ လျှော်ထားပေးမည်ဟု သွယ်ဝိုက်စွာ ပြောလိုက်ခြင်း ဖြစ်ပါသည်။

“ညည်းကလည်း စောစောစီးစီးအိပ်တော့မလို့လား ငါ့သားလေးက မနက်ဖြန် ၀တ်သွားချင်လို့နေမှာပေါ့ အခုမှ ရှစ်နာရီကျော်ကျော်ပဲ ရှိသေးတယ် လျှော်ချိန်ရပါသေးတယ်! သားငယ်...! လျှော်ချင်တာတွေ ထုတ်ပေးလိုက်လေ သူက ဒီအိမ်ရဲ့ ချွေးမပဲ လုပ်ပေးရမှာပေါ့"

မချစ်ဖူး မပြောပါနဲ့(Xiuchenမချစ်ဖူး မပြောပါနဲ့ ,,Dika)Z+U(COℳPℓξፐξD)Tempat cerita menjadi hidup. Temukan sekarang