မချစ်ဖူး မပြောပါနဲ့(17)(Z+U)

2.2K 136 5
                                    

အိပ်မောကျနေသော ကောင်လေးကို အိပ်ယာထဲပို့ပေးပြီး သေသေချာချာ စောင်ခြုံသိပ်လိုက်ပါသည်။

~~မင်းကို ကိုယ်အခွင့်အရေးပေးခဲ့တယ် Kyungsoo! Jဆောက်လုပ်ရေး groupရဲ့ သူဌေးKim jonginအဖြစ် မင်းဆီကိုရောက်မလာခင် သာမန်လူတန်းစား သာမန်အလုပ်သမားလေး Kim Kaiအဖြစ် ရိုးသားစွာနဲ့ ဒေါသတွေမပါ အတ္တတွေမပါပဲ ငါ့ရဲ့အချစ်ကို အရင်ဆုံးပေးခဲ့ပါတာပါ... ဒါပေမဲ့ မင်းက ငါ့ရဲ့စစ်မှန်တဲ့အချစ်တွေနဲ့ မတန်ဘူး! Kim kaiဆိုတဲ့ကောင်ကို မင်းသိပ်မုန်းခဲ့တယ် အဟက်! ငါ့ကိုမုန်းတဲ့မင်းက သူဌေးလေးKim jonginကိုတော့ နှစ်ခါတောင် မမေးရပဲ လက်ခံပေးခဲ့တယ်နော် မင်းရော မင်းမိသားစုရော စိတ်ပျက်ဖို့ကောင်းအောင် ငွေမက်ကြတယ်... မင်းတို့သိပ်ကြိုက်တဲ့ငွေပုံပေါ်မှာထိုင်ပြီး ဘ၀ကို ပျော်ရွှင်အောင် ဖြတ်သန်းကြည့်လိုက်စမ်းပါ Kyungsooရယ်...မင်းဘဝမှာ Kim jonginကို လိုအပ်နေသရွေ့ ငါ့အချစ်ကို မမြင်စေရဘူး~~

စောင်ပုံထဲ၌ ပုဝင်နေသော ကောင်လေးရဲ့ မျက်နှာလေးကို စူးစူးစိုက်စိုက်ကြည့်ပြီး အသံမထွက်သည့် စကားများစွာကို ပြောနေမိပါသည်။

အချိန်အတန်ကြာ ငေးကြည့်နေပြီးမှ ကောင်လေးရဲ့ အိပ်ခန်းမီးလေးကို ပိတ်ပေးခဲ့ပြီး jonginထွက်လာခဲ့ပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~~

မနက်မိုးလင်းအိပ်ယာနိုးလာတော့ ကျွန်တော် အိပ်ယာထဲရောက်နေပါသည်။

ဘယ်လိုလုပ်ပြီး ရောက်နေပါလိမ့်....

တွေးစရာမလိုပဲ သိလိုက်သည်ကတော့ ဟိုလူကြီးခေါ်သွင်းလာတာ အသေအချာပင်

ဗြုန်းဆို ဒေါသက ငယ်ထိပ်ကို ဆောင့်တက်လာကြတယ်

အကျင့်ပုတ် အကျင့်ယုတ်ကြီး ဒီလောက်ထိ messageတွေ တပုံတပင်ပို့နေတာ အပြင်ဘက် ချမ်းချမ်းအေးအေးမှာ အကြာကြီးပစ်ထားတယ်

စူစူပုပ်ပုပ်ဖြင့် ပွစိပွစိရွတ်ကာ ကိုယ်လက်သန့်စင် မျက်နှာသစ်ရန် ရေချိုးခန်းထဲသို့ ၀င်လာခဲ့ပါတယ်

~~~~~~~~~~~~~~~~~~~~~~~~~~~

ကျောင်းသွားရန် ပြင်ဆင်ပြီး လွယ်အိတ်ကလေးကိုဆွဲကာ အောက်ဆင်းလာတော့ နံနက်စာ ကော်ဖီဝိုင်းတွင် ဟိုလူကြီးအား တွေ့လိုက်ရပါသည်။

မချစ်ဖူး မပြောပါနဲ့(Xiuchenမချစ်ဖူး မပြောပါနဲ့ ,,Dika)Z+U(COℳPℓξፐξD)Nơi câu chuyện tồn tại. Hãy khám phá bây giờ