မချစ်ဖူး မပြောပါနဲ့ (23)(Z+U)

2.2K 157 16
                                    

Chenရဲ့ ခြေလှမ်းတွေက xiuတို့ စားပွဲဆီသို့

“ပြီးမှ မင်းနဲ့လာတွေ့မယ်...Kim Xiumin.."

Kim Xiuminရဲ့ နားနားကပ်ပြောခဲ့ပြီး မင်္ဂလာပွဲထဲမှ Chenထွက်လာခဲ့ပါသည်။

~•~•~•~•~•~•~•~•~•~•~•~•~•~•~•

Xiuတစ်ယောက် ဒေါက်တာKim chenရဲ့ မထင်မှတ်ထားသည့် အပြုအမူကြောင့် နေရာမှာ ကြက်သေသေကာ ကျန်ခဲ့ပါတယ်

“မကြောက်နဲ့Xiu! မင်းနဲ့သမီးလေးအနားမှာ ကိုယ်ရှိပါတယ်"

Luhanအစ်ကိုက သူမ ခံစားချက်ကို နားလည်နေသည့်အလား ဖွဖွလေးဖက်ကာ အားပေးနှစ်သိမ့်ပေးတော့

“ဟုတ်__ဟုတ်ကဲ့! ကျေးဇူးတင်ပါတယ် အစ်ကို!"

Xiuတို့လည်း ခဏတစ်ဖြုတ်ထိုင်ကာ သတိုးသားတွေကို နှုတ်ဆက်ပြီး ပြန်လာခဲ့ပါသည်။

~•~•~•~•~•~•~•~•~•~•~•~•~•~•

ဝုန်း!!!! ဂွမ်း!!!!! ဂလမ်း!!!!!

Kim chen အိမ်ပြန်ရောက်ပြီး ညီဖြစ်သူရဲ့ မင်္ဂလာဆောင်အကြောင်း သိလိုက်ရပြီး တွေ့တွေ့သမျှတွေကို ဖျက်ဆီး ပေါက်ခွဲနေခြင်း ဖြစ်ပါတယ်...

“တော်ပါတော့...သားကြီးရယ်...! အမေ...အမေတောင်းပန်ပါတယ် အဟင့်...ဟင့်...ဟင့်..."

“အမေ ဘာသိလဲ ညီလေးနဲ့ ပေးစားလိုက်တဲ့ကောင်က ဟိုမိန်းမ kim xiuminရဲ့ အစ်ကို ပိုင်းလုံးကောင်ဆိုတာ အမေသိလား..!!!!"

“မသိခဲ့ဘူး! အမေ မသိခဲ့ပါဘူး..သားကြီးရယ်...ဒါပေမဲ့ ဖြစ်ပြီးမှတော့ ဘယ်တတ်နိုင်ပါ့မလဲ နောက်ပြီး သားမက် Kim တို့က အရင်လို အဆင့်အတန်းမျိုးလည်း မဟုတ်တော့ပါဘူးကွယ်..."

“တောက်!!!! ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အဲ့ဒီအိမ်မှာ ညီလေးကို တစ်မိနစ် တစ်စက္ကန့်လေးတောင် မထားနိုင်ဘူး အခုချက်ချင်း သွားခေါ်မယ်..."

ဒေါသတကြီးနဲ့ ထွက်သွားတဲ့ သားဖြစ်သူကိုကြည့်ပြီး မျက်ရည်ကျပြီးသာ ကျန်ခဲ့ပါတယ်

သားကြီးနဲ့ သားငယ် ဘာမှမဖြစ်ပါစေနဲ့! ဘုရားသခင် စောင့်ရှောက်တော်မူပါ

~•~•~•~•~•~•~•~•~•~•~•~•~•~•~•

အောက်ထပ်မှာ ကိုကိုရောက်နေပြီ

မချစ်ဖူး မပြောပါနဲ့(Xiuchenမချစ်ဖူး မပြောပါနဲ့ ,,Dika)Z+U(COℳPℓξፐξD)Where stories live. Discover now