မချစ်ဖူး မပြောပါနဲ့ (35)++(Z+U)

3K 167 26
                                    

“Kim...Kim Jongin shi...ဘာ...ဘာဖြစ်လာတာလဲ"

“……………"

လူကြီးက သူ့မဖြေပဲ ပိုတိုးလို့ ဖက်ထားပါတယ်...

“ကျွန်တော့တစ်ကိုယ်လုံး ရေမသုတ်ရသေးဘူး...စိုရွှဲနေတယ်...ခေါင်းရေသုတ်လိုက်ဦးမယ်..."

“……………"

“ခဏ...ခဏလောက် လွှတ်ပေးပါ......"

“ရှူး....! ကျေးဇူးပြုပြီး ဒီအတိုင်းလေး ခဏလောက် နေကြရအောင်..ကောင်လေး"

Kyungsoo နားကြားမှားလိုက်သလား...

အခု Kim Jonginဆိုတဲ့ ရေခဲတုံးကြီးက သူ့ကို ကောင်လေးလို့ ခေါ်လိုက်တာလား....

“ခင်များ ဘာဖြစ်လာတာလဲ Kim Jongin shi.."

လူကြီးရင်ခွင်ထဲက အတင်းရုန်းထွက်ပြီး ခပ်ဆတ်ဆတ် မေးလိုက်တော့...

“ကိုယ်လေ ဒီနေ့လိုရက်လေးကို စောင့်နေခဲ့တာ...မျှော်နေခဲ့တာ...ဘယ်လောက်တောင် ကြာနေပြီလဲ? ခင်များလေးက တော်တော်နဲ့ ရောက်မလာခဲ့ဘူးနော်..."

“ကျွန်__ကျွန်တော်..."

“Kim Kaiဆိုတဲ့လူကို တောင်းပန်ပြီး ကိုယ့်ဆီအပြီးလာမဲ့နေ့ကို စိတ်ရှည်လက်ရှည်နဲ့ စောင့်နေခဲ့တာပါ..."

လူကြီးဆိုလိုချင်တဲ့ အဓိပ္ပာယ်ကို Kyungsoo ရေးတေးတေးလေး သဘောပေါက်လာသလိုပဲ

“ကျွန်တော်သာ Kim Kaiဆိုတဲ့လူကြီးကို မတောင်းပန်ပဲ ခင်များရဲ့အနားက ထွက်သွားခဲ့မယ်ဆိုရင်ရော ဒီလိုပဲ စိတ်ရှည်ရှည်နဲ့ စောင့်နေဦးမှာလား..."

“ကိုယ်လေ...ကိုယ့်အချစ် ကိုယ့်ဖူးစာ ကိုယ့်နှလုံးသားကို ယုံတယ် ကောင်လေး..."

“ဟုတ်ပါပြီ ယုံရင်လည်း အပြင်ခဏထွက်ပေးပါလား အင်္ကျီဝတ်ချင်လို့..."

သူ့တစ်ကိုယ်လုံးကို ထူးထူးဆန်းဆန်းအကြည့်တွေနဲ့ ကြည့်နေတဲ့ လူကြီးရဲ့ အကြည့်ရိုင်းတွေကြောင့် သူ့တစ်ကိုယ်လုံး ကတုန်ကယင်နဲ့ မူမမှန်ချင်တော့

ရှက်ရွံထူပူပြီး မနေတတ်မထိုင်တတ် ဖြစ်နေပါသည်။

“၀တ်လေ ကိုယ်စောင့်နေပါ့မယ်..."

မချစ်ဖူး မပြောပါနဲ့(Xiuchenမချစ်ဖူး မပြောပါနဲ့ ,,Dika)Z+U(COℳPℓξፐξD)Where stories live. Discover now