မချစ်ဖူး မပြောပါနဲ့ (15)(Z+U)

2.1K 114 5
                                    

"ဟိုလူကြီး...! Kim kai shi.."

ပျောက်သွားသည့် လူကြီးကိုတွေ့တော့ Kyungsooမှာ  ထိုင်နေရာက ထပဲထရတော့မလို မတ်တတ်ပဲ ရပ်ရတော့မလို ကယောင်ကတမ်း အယောင်ယောင် အမှားမှားဖြစ်သွားခဲ့ရပါသည်။

"ရတယ်! ရတယ် ထိုင်ပါ Kim Kyungsoo! နေသာသလိုနေပါ"

အိမ်ပေါ်ထပ်က ဆင်းလာတဲ့လူကြီးက ကျွန်တော်နဲ့ မျက်နှာချင်းဆိုင် ထိုင်ခုံမှာ ခြေကလိန်ချိတ် ၀င်ထိုင်ပြီး နှုတ်ခမ်းထက်မှာတော့ နားမလည်နိုင်သည့် ခပ်မဲ့မဲ့အပြုံးတစ်ခုကို ဆင်မြန်းထားပြန်ပါသေးသည်။

Kyungsoo ကိုယ့်မျက်စိကိုယ်မယုံနိုင် လွန်ခဲ့တဲ့ နှစ်လခွဲ သုံးလလောက်ကအထိ Kim Kaiဆိုတဲ့လူကြီးကို သူသိခဲ့တာက သာမန်ဆောက်လုပ်ရေး အလုပ်ကြမ်းသမားအဖြစ်နှင့်သာ

ယခု မျက်စိရှေ့မှာ တွေ့နေရသည့် လူကြီးကတော့ အသားရောင် အနောက်တိုင်းsuitနှင့် အထက်တန်းကျကျ သန့်ရှင်းသပ်ရပ် smartကျနေတဲ့ လူကြီး

တချိန်တုန်းက နဖူးပေါ်ဝဲကျနေခဲ့သော နီကျင်ကျင် မွဲခြောက်ခြောက်ဆံပင်တို့သည်လည်း ယခုတော့ ခေါင်းလိမ်းဆီတို့ဖြင့် ရွှဲနစ်နေပြီး မည်းနက်စိုပြေ ပုံစံကျနစွာ အနောက်သို့ ဖြီးသင်လှန်တင်ထားပါသည်။

နောက်ပြီး တချိန်တုန်းက နေလောင်လေလောင်ဒဏ်တို့ဖြင့် ခပ်မွဲမွဲ ညိုညစ်ညစ် အသားအရည်တို့သည်လည်း ယခုတော့ စိုပြေနူးညံ့ပြီး ချောမွေ့နုညက်နေပြန်ပါသည်။

မုတ်ဆိတ်မွှေး ပါးသိုင်းမွှေးတို့ဖြင့် ညှင်းသိုးသိုး ညှင်းစုတ်စုတ်ဖြစ်ခဲ့တဲ့ လူကြီးက ယခုတော့ ပါးပြင်ပေါ်မှာ စိမ်းဖန့်ဖန့် မွေးညင်းစိမ်းလေးများသာ

အမြဲတမ်း ချွေးစော်ဂျီးစော်တွေနဲ့ နံစော်နံဟောင်နေခဲ့တဲ့ လူကြီးက ယခုတော့ တန်ဖိုးကြီး ရေမွှေးနံ့တို့နဲ့ မွှေးကြိုင်လတ်ဆတ်လို့ နေပါတယ်

နတ်ရေကန်ထဲက တက်လာတာလား?

ထီပဲပေါက်လို့လား?

ဒါမှမဟုတ် အမွေရတာလား?

ဒါမှမဟုတ်....

ဒါမှမဟုတ်....

မချစ်ဖူး မပြောပါနဲ့(Xiuchenမချစ်ဖူး မပြောပါနဲ့ ,,Dika)Z+U(COℳPℓξፐξD)Donde viven las historias. Descúbrelo ahora