"ညီမလေး စိတ်ချမ်းသာသွားပြီ ကောင်လေးရယ်...လက်ထပ်ပွဲတချိန်လုံး ပြုံးရွှင်နေတာပဲ...ညီမလေးဆီမှာ အဲ့ဒီလိုအပြုံးတွေ ပျောက်ကွယ်သွားတာ နှစ်နဲ့ချီနေပြီမလား...အစ်ကိုတစ်ယောက်အနေနဲ့ ကိုယ်တာဝန်ကျေပါတယ်နော်..."
ဂျယ်ဂျူးကျွန်းသို့ Honeymoon ခရီးထွက်သွားသည့် ညီမနဲ့ ယောက်ဖဖြစ်သူတို့ရဲ့ ကားဖြူဖြူလေးကိုကြည့်ကာ Jonginပီတိဖြစ်နေမိပါတော့သည်။
ညီမလေးရဲ့ဘ၀ တသက်လုံးအတွက် ပျော်ရွှင်မှုအစစ်အမှန်ကို သူလက်ဆောင်ပေးနိုင်ခဲ့ပြီမလား...
သူ့လိုပဲ Mindaeလေးကို ချီပွေ့ထားတဲ့ Kyungsooရဲ့ မျက်နှာလေးမှာလည်း ကြည်နူးပီတိဖြစ်မှုတွေနဲ့ ပြည့်နှက်လို့နေပါတယ်...
"ကျွန်တော့အစ်ကိုလည်း တကယ်ပျော်နေရှာတာပါ...လူကြီးရယ်...အဲ့ဒီလိုပဲ မေမေလည်း လူကြီးတို့မောင်နှမအပေါ်မှာ လုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် နောင်တရနေပါပြီ..."
"ကိုယ်သိပါတယ်ကွာ...."
"ဖြစ်ပျက်ခဲ့တဲ့ ပြဿနာအရာအားလုံးအတွက် ကိုကိုနဲ့ မေမေ့ကိုယ်စား ကျွန်တော်ကပဲ အနူးအညွှတ် တောင်းပန်ပါတယ်နော်..."
"မလိုပါဘူး ကောင်လေးရာ...အဲ့ဒါတွေက အတိတ်မှာကျန်ခဲ့ပါပြီ! ဟျောင့် Kim mindae...မင်းအဖေနဲ့အမေက မင်းကိုထားခဲ့ပြီ..! နောက်ထပ်မောင်လေးသွားခေါ်တယ်...."
သူ့ရဲ့ ကလေးဆန်ဆန် ရွတ်နောက်နောက် အတည်ပေါက်စကားကြောင့် Mindaeလေးက ငိုမဲ့မဲ့နဲ့ Kyungsooကို စစ်ကူတောင်းသလိုကြည့်ကာ လည်ပင်းကို အတင်းဖက်ထားပါတယ်
"အဟားဟား...မဟုတ်ပါဘူး သမီးရယ်...သမီးရဲ့ဦးဦး အရူးကြီးက အလကား လျှောက်ပြောနေတာ အရူးကြီးစကား မယုံနဲ့နော်...ကဲ...တို့တွေက အိမ်ပြန်မယ်! မုန့်စားမယ်! အရုပ်တွေနဲ့ဆော့မယ်...နော့...!"
Kyungsooစကားဆုံးတော့ Mindaeလေးက မျက်ဝန်းလေးတွေ အရောင်တောက်သွားပြီး ပုတ်သင်ညိုရှုံးအောင် ခေါင်းတဆတ်ဆတ် ညိတ်ပြပါတော့သည်။
"ကဲ...ငါတို့တွေ ကားဆီသွားစို့...သွားကြစို့!"
သူ့အရှေ့မှ ခုန်ပေါက်ပြေးသွားသော လင်သေးသေးလေးနဲ့ တူမဖြစ်သူကိုကြည့်ကာ အနောက်မှ ပြုံးပြီးလိုက်သွားသူကတော့ Kim Jonginပဲ ဖြစ်ပါတော့တယ်...
VOUS LISEZ
မချစ်ဖူး မပြောပါနဲ့(Xiuchenမချစ်ဖူး မပြောပါနဲ့ ,,Dika)Z+U(COℳPℓξፐξD)
FanfictionFbမှာ တင်ခဲ့တဲ့ficလေး edit နည်းနည်းပြန်လုပ်ထားပါတယ် xiuchen (normal) kaisoo, dika (yaoi)