မချစ်ဖူး မပြောပါနဲ့(31)(Z+U)

2K 161 17
                                    

“အတွင်းရေးမှူးOh ရောက်လာပါပြီ ဥက္ကဌကြီး.!"

မန်နေဂျာအန်းက သူ့နားနားကပ်ကာ ခပ်တိုးတိုး အသိပေးစကားဆိုလာတော့ Deer wind အာမခံ ကုမ္ပဏီကြီး၏ ဥက္ကဌကြီး Xiao Luhan ကိုယ်နေဟန်ထားကို ပြင်လိုက်ပြီး ခါးကိုခပ်မတ်မတ်ထိုင်လိုက်ပါသည်။

“အဟမ်း!! အတွင်းရေးမှူးOhကို ၀င်လာခိုင်းလိုက်ပါ.."

“ဟုတ်ကဲ့"

မန်နေဂျာကြီးက သူ့ကို ခေါင်းငုံ့အရိုအသေပေးကာ ရုံးခန်းထဲမှ ပြန်ထွက်သွားခဲ့ပါသည်။

မန်နေဂျာအန်း ထွက်သွားပြီး သိပ်မကြာလိုက်...

|knock| |knock|

“ကျွန်တော့ကို ဥက္ကဌကြီး ခေါ်တယ်ဆိုလို့..."

သြရှရှအသံလေးနဲ့ လိုက်ဖက်စွာ တည်တင်းနေတဲ့ ကလေးမျက်နှာလေးနဲ့ styleကျ smartကျစွာဖြင့် အတွင်းရေးမှူး Oh Sehun...၀င်လာပါတယ်

“ဟို__ဟိုလေ...မနေ့ညက ကိစ္စအတွက် ငါ __ငါ တောင်းပန်ပါတယ် အတွင်းရေးမှူး Oh"

“အဟင့်...တောင်းပန်ပါတယ်ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့ ကျွန်တော်က ကျေနပ်ရမှာလား... ဥက္ကဌကြီး...! ကျွန်တော့လို လူပျိုနုနုထွတ်ထွတ် နို့နံ့တောင် မစင်သေးတဲ့ ကလေးသူငယ်လို ဖြူစင်လွန်းတဲ့သူရဲ့ first kiss..!!!!! first sexကို မူးမူးရူးရူးနဲ့ ယူသွားတဲ့ ဥက္ကဌကြီးက ဒီလိုမျိုး တောင်းပန်ပါတယ်ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့ တာဝန်မဲ့တဲ့သူလား..တာဝန်မယူချင်တဲ့သူလား..! အဟင့်...ဟင့်...ကျွန်တော် တကယ်မထင်ထားမိဘူး..."

စကားပြောနေရင်းနဲ့ ငိုသံပါလာတဲ့ အတွင်းရေးမှူးOhက အင်မတိ အင်မတန် ချေလှချည်ရဲ့ မာနကြီးလှချည်ရဲ့ Gentlemen ဆန်လှချည်ရဲ့ဆိုပြီး ကျော်ကြားခဲ့သော image တွေ ဘယ်ပျောက်ကုန်ပြီမသိ...

Xiao Luhanတို့ အရက်ကောင်းမှုကြောင့် မြွေပေါက်ပါပြီ...

မြွေတောင် ရိုးရိုးမြွေမဟုတ် နှစ်ချို့နေတဲ့မြွေ...

ပေါက်တာမှ ငယ်ထိပ်တည့်တည့်ကို တက်ပေါက်တာ...

ဘ၀ကို အေးဆေးတည်ငြိမ်စွာဖြင့် ဖြတ်သန်းတော့မယ်လို့ ဆုံးဖြတ်ထားတဲ့ Xiao Luhan ဘာလုပ်လို့ လုပ်လိုက်ရမှန်း မသိတော့...အသက်ကြီးမှ ဗရမ်းဗတာတွေ ဖြစ်နေတာ...

မချစ်ဖူး မပြောပါနဲ့(Xiuchenမချစ်ဖူး မပြောပါနဲ့ ,,Dika)Z+U(COℳPℓξፐξD)Donde viven las historias. Descúbrelo ahora