ထိုအချိန်တွင် ဂျယ်ဂျူးသို့ Honeymoonခရီး ထွက်လာသော ဒေါက်တာ Kim chenတို့ စုံတွဲမှာလည်း...
.
.
.
.
.
.
.
.
.
ဂျယ်ဂျူးရှိ အပန်းဖြေအိမ်ကြီးသို့ Xiuတို့ရောက်တော့ ညဆယ့်နှစ်နာရီထိုးတော့မည်။(မှန်းရေး) အဟေးဟေး
အိမ်ကြီးရှိ အလုပ်သမားတွေက မအိက်ကျသေးပဲ ပျာပျာသလဲခရီးဦးကြို ပြုကြပါတယ်
အပေါ်ထပ် အခန်းထဲတွင် ခရီးဆောင်အိတ်များ ချပြီးသည်နှင့် Xiuလည်း ည၀တ်အင်္ကျီလေးကိုထုတ်ကာ ရေချိုးခန်းထဲသို့ ၀င်ခဲ့ပါသည်။
ဘေစင်ထိပ်တွင် တပ်ထားသော မှန်မှတဆင့် မြင်နေရသည့် ကိုယ့်ကိုယ်ကိုကြည့်ပြီး စိတ်တင်းကြပ်မှုကို ခံစားနေရပါတယ်...
ဒီညဟာ သူမနဲ့ ဒေါက်တာအတွက် မင်္ဂလာဦးညလို့ တွေးမိသည်နှင့် ရင်ဘတ်ထဲမှာ တလှပ်လှပ်နဲ့ နေရထိုင်ရခက်လှပါသည်။
“knock! knock!"
“ Xiuလေး! Xiuရေ...! ရေမချိုးနဲ့နော် ခရီးဝေးကလာရတာ အခန့်မသင့်ရင် ဖျားသွားလိမ့်မယ် ပြီးရင်ထွက်ခဲ့တော့..."
ကိုယ့်မျက်နှာကို တွေတွေငေးငေးနှင့် ငေးကြည့်နေစဉ် အခန်းပြင်မှ တံခါးခေါက်သံနှင့်အတူ ဒေါက်တာ့အသံစူးစူးကြောင့် Xiuလန့်ဖျပ်သွားမိပါသည်။
“အွန်း...! ကျွန်မရေမချိုးပါဘူး! သန့်ရှင်းရေးလုပ်နေလို့ ထွက်လာပါပြီ"
ည၀တ်အင်္ကျီလေးကို အလျင်အမြန် လဲလှယ်ဝတ်ဆင်လိုက်ပြီး သွားကိုခပ်မြန်မြန်တိုက်ကာ ရေချိုးခန်းထဲမှ ထွက်လာခဲ့ပါတယ်...
ဒေါက်တာလည်း ည၀တ်အင်္ကျီလဲပြီး အိပ်ယာထဲရောက်နေပြီ...
“လာလေXiu! ဘာတွေကြောင်ငေးငေးနဲ့ ကြည့်နေတာလဲ"
ခရီးဝေးကို ဖြတ်သန်းလာရသည့်ဒေါက်တာက ပင်ပန်းဟန်မရှိဘဲ လန်းဆန်းနေဆဲ
“အော်...အင်း..."
Xiuလည်း ယောင်တိယောင်ချာဖြင့် အိပ်ယာပေါ်ဝင်လှဲကာ ဒေါက်တာ့ကို ကျောခိုင်းလိုက်ပြီး စောင်ကြီးကို ရင်ဘတ်ထိ ဆွဲခြုံထားလိုက်ပါသည်။

VOCÊ ESTÁ LENDO
မချစ်ဖူး မပြောပါနဲ့(Xiuchenမချစ်ဖူး မပြောပါနဲ့ ,,Dika)Z+U(COℳPℓξፐξD)
FanficFbမှာ တင်ခဲ့တဲ့ficလေး edit နည်းနည်းပြန်လုပ်ထားပါတယ် xiuchen (normal) kaisoo, dika (yaoi)