မချစ်ဖူးမပြောပါနဲ့(37)(Z+U)

1.9K 170 38
                                    

“ကော်ဖီသောက်ပါဦး..."

ဒေါက်တာ့အရှေ့ ကော်ဖီပန်းကန်ချပေးရင်း ဒေါက်တာနှင့် မျက်နှာချင်းဆိုင်ထိုင်ခုံမှာ သူမ ၀င်ထိုင်လိုက်ပါတယ်...

“အရင်တုန်းကအတိုင်း ကော်ဖီခါးခါးပဲ ဖျော်ခဲ့တယ်နော်...! မတွေ့ရတဲ့နှစ်တွေမှာ ဒေါက်တာ့ အကြိုက်တွေ မပြောင်းလောက်ဘူးထင်ပါရဲ့..."

“အဟင်း...! မင်းက ကိုယ့်အကြိုက်ကို မှတ်မိနေသေးသားပဲ! ကျေးဇူးတင်ပါတယ်...! Kim Xiumin! မင်းပြောသလို ကိုယ့်အကြိုက်တွေ မပြောင်းလဲသေးပါဘူး...အကြိုက်တွေ မပြောင်းလဲသလို မင်းအပေါ်မှာထားတဲ့ ကိုယ့်ခံစားချက်တွေကလည်း အရင်အတိုင်း မပြောင်းလဲဘူး...ကိုယ်မင်းကို ချစ်နေတုန်းပဲ Xiu"

တွေ့တွေ့ခြင်း ထိုစကားများ မပြောလောက်ဘူး ထင်ခဲ့ပေမဲ့ ဆိုင်းမဆင့် ဗုံမဆင့် ပြောချလိုက်တဲ့ ဒေါက်တာ့စကားများကြောင့် သူမ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ အနေခက်သွားခဲ့ပါသည်။

“ဟို__ဟို___ဒေါက်တာလည်း ပြန်ရောက်ခါစဆိုတော့ လုပ်စရာတွေရှိနေဦးမှာပေါ့...! နောက်မှအေးဆေးတွေ့မယ်လေ ကျွန်မ ဖုန်းဆက်လိုက်ပါ့မယ်..."

“ကောင်းပြီလေ! မင်းနှင်လို့ ကိုယ်ပြန်ပါ့မယ်! ဒါပေမဲ့ အခုကိုယ်ပြောခဲ့တဲ့ စကားတွေကိုတော့ အလေးအနက် စဉ်းစားပေးစေချင်တယ်...သမီးလေးရဲ့ Daddy! မင်းရဲ့ခင်ပွန်းအနေနဲ့ မင်းတို့သားအမိကို တသက်လုံးစောင့်ရှောက်ပြီး သာယာတဲ့မိသားစုဘ၀လေးကို ဖန်တီးပေးချင်ပါတယ်..."

“ကောင်းကောင်းပြန်ပါ ဒေါက်တာ...! နောက်မှတွေ့ကြတာပေါ့...."

~•~•~•~•~•~•~•~•~•~•~•~

ဒီရက်ပိုင်း အလုပ်ထဲမှာ Xiuစိတ်မပါ...ဒေါက်တာနှင့် ပြန်တွေ့ပြီး ဒေါက်တာ့ရင်ထဲက စကားတွေကို နားထောင်ပြီးနောက်ပိုင်း တွေးစရာတွေ များလာခဲ့တယ်...

ဒေါက်တာ့ရဲ့စကားတွေက လေးနက်တည်ကြည်ပြီး စိတ်ရင်းနဲ့ပြောနေမှန်း Xiuယုံကြည်ပေမဲ့ ခဲမှန်ဖူးတဲ့ စာသူငယ်လို ဒေါက်တာ့ရင်ခွင်ထဲ ပြန်လည်ခိုလှုံဖို့ရာ ကြောက်ရွံ့နေမိပါတယ်...

ပြီးတော့ ကိုကို...!

ဘယ်လိုနည်းနဲ့မှ ဒေါက်တာ့ကို Xiuခင်ပွန်း ယောက်ဖအဖြစ် ပြန်လက်ခံပေးမှာ မဟုတ်ဘူး...

မချစ်ဖူး မပြောပါနဲ့(Xiuchenမချစ်ဖူး မပြောပါနဲ့ ,,Dika)Z+U(COℳPℓξፐξD)Nơi câu chuyện tồn tại. Hãy khám phá bây giờ