နောက်တနေ့နံနက်...
သမီးလေးက နေမကောင်းချင်သလိုဖြစ်ကာ ကိုယ်နည်းနည်းနွေးနေတယ်...
“အိမ်ပြန်ချင်တယ်...အဟင့်...အိမ်ပြန်ချင်တယ် Mommy...အိမ်ပြန်မယ်...အဟင့်..ဟင့်...ဟင့်...ဟင့်..."
နေမကောင်းတဲ့ ကလေးတွေရဲ့ ထုံးစံအတိုင်း Mindaeလေးက အိမ်ပြန်ဖို့ကိုပဲ တအီအီပြောရင်း ဂျီကျနေပါတယ်
“အေး...ဟုတ်တယ်! Mommyသမီးလေးက နေလို့မကောင်းဘူး...ပြန်ကြမယ်...ပြန်ကြမယ်နော်...အားရီးဂူး...! Mommyသမီး အလိမ္မာတုံးလေး...အိပ်ပါသမီးရယ်...အို..အိုး"
ပြန်ရမယ်...ပြန်မှဖြစ်မယ်...
သားသမီးဇောကပ်လာသဖြင့် Xiuစိတ်ထဲမှာ ပြန်ဖို့ပဲ တွေးနေမိတယ်...
သေချာတယ်...အိမ်ပြန်ဖို့အတွက် ဒေါက်တာနဲ့ အတိုက်အခံ ပြောရဦးမယ်ဆိုတာ...
စကားနိုင်လုပွဲကနေ စကားများသည်အထိ ဖြစ်သွားနိုင်တာမို့ အရင်ဦးဆုံး နေမကောင်းတဲ့ သမီးလေးကို ရင်ခွင်မှာပွေ့ကာ အရှေ့လျှောက် အနောက်လျှောက်ဖြင့် ချော့သိပ်လိုက်ပါတော့သည်။
~•~•~•~•~•~•~•~•~•~•~•~•
မျက်ရည်စီးကြောင်းများဖြင့် အိပ်ပျော်သွားတဲ့ သမီးလေးကို အိပ်ယာထဲ အသာအယာထွေးသိပ်ခဲ့ကာ ဒေါက်တာနဲ့ စကားပြောရန် အခန်းထဲမှ Xiuထွက်လာခဲ့ပါတယ်..
“ဘယ်လိုလဲ Xiu! သမီးလေး အိပ်သွားပြီလား...သက်သာရဲ့လားကွာ..! ကိုယ်ပူနေသေးလား..."
ဒေါက်တာ့ကို ကြည့်ရတာလည်း တညလုံးအိပ်ဟန်မတူ...
အခန်းထဲက ထွက်လာတဲ့ Xiuကိုတွေ့တာနဲ့ ပျာပျာသလဲလာမေးပုံအရ ဒေါက်တာလည်း သမီးလေးကို စိုးရိမ်နေမှန်း သိသာလှပါတယ်..
“အခုလောလောဆယ်တော့ အိပ်သွားပြီ..! အိပ်ယာကနိုးရင် ဒီ့ထက်ကိုယ်ပူလာမှာ ကျွန်မသိတယ် ဒေါက်တာ..."
Xiuစကားကြောင့် ဒေါက်တာ့မျက်နှာ ပျက်ယွင်းသွားခဲ့တယ်...
“ဒေါက်တာက ဆရာဝန်တစ်ယောက်ဆိုပေမဲ့ ဆေးဝါးပြည့်ပြည့်စုံစုံမရှိတဲ့နေရာမှာ သမီးလေးကို ကုသဖို့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး ကျေးဇူးပြု၍ ကျွန်မတို့ကို အိမ်ပြန်ပို့ပေးပါ..."
ESTÁS LEYENDO
မချစ်ဖူး မပြောပါနဲ့(Xiuchenမချစ်ဖူး မပြောပါနဲ့ ,,Dika)Z+U(COℳPℓξፐξD)
FanficFbမှာ တင်ခဲ့တဲ့ficလေး edit နည်းနည်းပြန်လုပ်ထားပါတယ် xiuchen (normal) kaisoo, dika (yaoi)