မချစ်ဖူးမပြောပါနဲ့ (19)(Z+U)

2.2K 135 2
                                    

ဧည့်ခန်းထဲတွင်တွေ့လိုက်ရသော ကိုကို့ရဲ့ Wedding ဓါတ်ပုံကြီးကြောင့် Xiuမှာ အသက်ရှူရပ်ပြီး လဲကျသွားမိမတတ်

"ကိုကို! ကိုကိုက ဘယ်လိုဖြစ်ပြီး မတ်ကလေး! မဟုတ်ဖူး Kim Kzyungsooနဲ့....??"

ထင်ထားပါတယ် ညီမလေးမြင်ရင် ဒီထက်မက တုန့်ပြန်နိုင်တယ်ဟု တွေးထားပြီးသား

"ပေး! ညီမလေး သမီးကိုပေးတော့ အခုချက်ချင်း တရုတ်ပြည် ပြန်မယ်"

သူ့လက်ထဲက mindaeလေးကို ပြန်ဆွဲခေါ်သွားတဲ့ ညီမလေးXiu

Mindaeလေးက ဘာမသိညာမသိဖြင့် သူ့အမေလက်ထဲတွင် နို့ဘူးလေးစို့ပြီး မှိန်းနေပါသည်။

"ဘယ်လိုဖြစ်နေတာလဲ ညီမလေးရယ်...ကိုကို့ဆီက ရှင်းပြတာလေးတောင် နားမထောင်တော့ဘူးလား.."

သူ့စကားဆုံးတော့ ညီမလေးက ရှိုက်ကြီးတငင်ငိုချလိုက်ပြီး

"အဟင့်...ဟင့်...ဟင့်...ဟင့်... ဘာတွေ__ဘာတွေ ရှင်းပြဦးမှာလဲ? သူ__သူတို့တတွေ ညီမလေးနဲ့ သမီးလေးအပေါ် ဘယ်လောက်ထိ ရက်စက်ယုတ်မာခဲ့တယ်ဆိုတာ ကိုကိုမေ့လိုက်ပြီလား...အဟင့်...ဟင့်...ဟင့်....အဲ့__အဲ့ဒီလိုအိမ်က ညီကို လက်ထပ်ထားတဲ့ ကိုကိုက....ညီမလေး နားမလည်တော့ဘူး...အဟင့်..ဟင့်..."

"ကိုကိုသိတယ် ကိုကိုအားလုံးသိပါတယ် ညီမလေးရယ်... ကိုကိုက ညီမလေးရဲ့ ငရဲကို မေ့နိုင်လိမ့်မယ် ထင်လို့လား...သူတို့ကို တူညီတဲ့ နာကျင်မှုမျိုးပေးဖို့အတွက် အဲ့ဒီနည်းလမ်းက အထိရောက်ဆုံးပဲ သူတို့ရဲ့သွေးသားရော အဲ့ဒီလို ခံစားရရင် ဘယ်လောက်ထိ နာကျင်ခံစားရလဲဆိုတာ သိစေချင်တယ် အဲ့__အဲ့ဒါကြောင့် အဲ့ဒီကောင်လေးကို ကိုကိုလက်ထပ်ခဲ့တာပါ"

တရှိုက်ရှိုက်ငိုကြွေးနေတဲ့ ညီမလေးရဲ့ပခုံးလေးကို ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး ရှင်းပြလိုက်တော့ စိတ်သဘောထား ပြည့်ဝလွန်းတဲ့ ညီမလေးက

"အဟင့်...တ__တကယ်ဆို မတ်ကလေးနဲ့မှ မဆိုင်ပဲ ညီမလေးအပေါ် ရက်စက်ယုတ်မာခဲ့တာ သူ့အစ်ကိုနဲ့ သူ့အမေပါ"

"ဘာပဲဖြစ်ဖြစ် သူတို့သားနဲ့ သူတို့ညီ နာကျင်ခံစားနေရရင် သူတို့ရော ပျော်နိုင်မလားလို့ ကိုကိုသိစေချင်တယ်"

မချစ်ဖူး မပြောပါနဲ့(Xiuchenမချစ်ဖူး မပြောပါနဲ့ ,,Dika)Z+U(COℳPℓξፐξD)Donde viven las historias. Descúbrelo ahora