(Unicode)
"ဟင်းရည်ကို ပြန်နွေးပြီးမှစားနော် သား
အဖေ လေဆိပ်သွားပြီ"အဖေထားခဲ့သည့် စာရွက်လေးကို
ဂျွန်မြောင် ယူဖတ်လိုက်ပြီး
မီးဖိုခန်းထဲက ကြောင်အိမ်အံဆွဲလေးထဲကို
ထည့်လိုက်သည်။
အဖေက အပြင်သွားတိုင်း စာချန် ခဲ့တဲ့ အကျင့်
ရှိသည်။
အရင်တုန်းကထားခဲ့သည့်စာရွက်ပိုင်းလေးတွေဟာ လည်း အံဆွဲထဲမှာ အထပ်လိုက် ....Gas မီးဖိုလေးကို ဖွင့်ပြီး ဟင်းရည်နွေးရန်ပြင်
ဆင်လိုက်သည်။
အဖေ ညက အိပ်ချိန်တောင်ရရဲ့လားမသိ
သူ စာကျက်ပြီးလို့ အိပ်ရာဝင်ချိန်ထိ အဖေ
ပြန်မရောက်သေး...ခုလည်းမနက်အစောကြီး
ထွက်သွားပြန်သည်။
ထမင်းစားရင်း သချၤာ စာအုပ် ကောက်ကိုင်လိုက်ပြီး equation တွေ
ပြန်ကြည့်နေလိုက်သည်။သူ့စာကျက်ချိန် ကို အပဲ့မခံစေချင်၍
အဖေက သူ့ကို အိမ်အလုပ်တောင် မလုပ်စေချင်...။
မအားတဲ့ ကြားက အချိန်ရအောင်လုပြီး
ထမင်းဟင်း ရအောင်ချက်ပေးတတ်သည်။
ရေကိုမြန်မြန်ချိုးလိုက်ပြီး ကျောင်းသွားဖို့ပြင်ဆင်လိုက်သည်။
ဒီနေ့ကျောင်းစောစောသွားရမည်
မနေ့က ညနေပိုင်း အချိန်ကို
သချာၤဆရာမဝင်သွားသည် ဟု
ဂျုံဒယ်က မနေ့ညက ဖုန်းဆက်သည်။
ကိုယ်ပိုင်စာကြည့်ဖို့ပေးထားသည့်အချိန်မို့
ဆရာမ မဝင်ဘူးထင်ပြီး ကျောင်းလစ်လိုက်မိသည်။
ခုကျောင်းစောစောသွားကာလွတ်သွားသည့် စာတွေပြန်ကူးရပေဦးမည် ။☆☆☆☆☆☆☆☆☆☆☆
"မင်္ဂလာပါ သခင်လေး..
ကျွန်တော်က သခင် လေး.. ဆိုးလ်မှာနေမယ့်အချိန်အတွင်း သခင်လေးရဲ့ အုပ်ထိန်းသူအဖြစ် လုပ်ပေးမယ့်..
ဂင်ဆူဝမ်ပါ""ဟုတ် ကျွန်တော်က..ကျန်းရီရှင်းပါ"
အဖေ့ မိန်းမ လွှတ်ပေးလိုက်တာဖြစ်မည်။
ခုလောလောဆယ်တော့ အဖေကအလုပ်ကိစ္စနဲ့ ပြည်ပခရီးရောက်နေသည် ဟုကြားသည်။
ဘယ် နိုင်ငံလဲတော့ သူလည်းမသိ။ဦးလေးကြီးက ဖြူဖြူ ခန့်ခန့်
ဥပဒိရုပ်ကောင်းကောင်းဖြစ်ပြီး သဘောကောင်းပုံရသည်။တရိပ်ရိပ် ဖြတ်ကျန်ခဲ့သည့်
လမ်းတစ်လျှောက်မြင်ကွင်းတွေကို
ကားပြတင်းမှန်ကငေးရင်း...
သူ့မျက်လုံးတွေ မှေးစင်းလာသည်။
မား ကိုလွမ်းလိုက်တာ...
ခုချိန်လောက်ဆို မားမား ငိုနေတော့မှာ
မငိုနဲ့နော် မားရေ ...
သား ကြိုးစားမှာပါ.....
ငိုမနေပါနဲ့နော်
YOU ARE READING
Who Loves More?[Season One]
FanfictionSeason one of Love Me More. (Unicode,Zawgyi) SuHo×YiXing M preg, Rated M Cover by #LenCo graphics