အပိုင်း[၁၂]

7.1K 591 40
                                    


Unicode ...

Warning : 🔞🔞🔞

ဂျွန်မြောင်breakပေးတဲ့အချိန်လေး
အိမ်သာသွားမယ်တွေးပြီး...
အခန်းအပြင်ထွက်လာတော့...
ကော်ရစ်တာမှာ...တွေ့လိုက်ရတာကရီရှင်း....
ဘယ်ချိန်တည်းက လာရပ်နေတယ်မသိ...
ဂျွန်မြောင်ထွက်လာတာ..မြင်တာနဲ့လက်ကိုလာဆွဲ
တော့သည်။

"ရှင်း....ဘာလို့လဲ...
သူများတွေ...ပြောနေဦးမယ်..."

"ဘာမှ..မဖြစ်ပါဘူး...အရင်ကလည်းလက်ဆွဲနေကြ
ပဲကို.....လာ..ခဲ့"

ရီရှင်း...ဘေးဘယ်ညာ တစ်ချက် ဝေ့ကြည့်လိုက်ပြီး..
ဂျွန်မြောင့်လက်ကိုတင်းတင်းဆုပ်ကာ...
မပြေးတရုံတမယ်လှမ်းထွက်ခဲ့သည်။

"ရီရှင်း....ဘယ်ကိုလဲ.."

ရီရှင်းက...ပြန်မဖြေတော့ဂျွန်မြောင်တိတ်တိတ်လေး
ပဲလိုက်လာလိုက်သည်။
ကြည့်ရတာခေါင်းမိုးထပ်ကိုသွားနေတဲ့ပုံ...

အပေါ်ရောက်တော့မှကိုယ်ရှိန်သပ်ပြီး..ဂျွန်မြောင့်ကို
ခေါင်းမိုးထပ်ထောင့်စွန်း..အကွေ့နားလေးကို
ခေါ်လာသည်။

"ရှင်း...ဘာဖြစ်လို့လဲ..."

"လွမ်းနေလို့..."

"အပိုတွေ"

ဂျွန်မြောင်..ရှက်..ရှက်နဲ့ ပြောလိုက်ပေမယ့်..
စိတ်ထဲကတော့မပါ...
သူကိုယ်တိုင်လည်းရီရှင်းကို တစ်နေကုန်....
လွမ်းနေရတာ .....
မျက်နှာလေးမြင်ချင်ပေမယ့်ကျောင်းကမဆင်းသေး
တော့..မတွေ့ရ...

"ငါလည်း..မင်းကိုလွမ်း...နေတာ"

သူမဝံ့မရဲလေး...ပြောမိတော့
ရီရှင်းက..ကျေနပ်တဲ့အပြုံးကြီးနဲ့...

"ဂျွန်...
ငါတစ်နေကုန်စာလုပ်ရတာ..ပင်ပန်းနေပြီ...
အားလေးတွေပေးပါဦး..."

တမင်..အသံလေးကိုတိုးပြီး...မျက်လုံးကိုမှေးချကာ..ပြောနေတဲ့..ရီရှင်းက..ကလေးလေးလိုပဲ..
ချွန်..ချွန်ထွက်လာတဲ့ နှုတ်ခမ်းလေးကလည်း..အူယားစရာ..
ဂျွန်မြောင်..အသည်းတွေယားသွားပြီး..
သူတို့နှစ်ယောက်အားပေးရင်..လုပ်နေကျအတိုင်း...
ရီရှင်းကို ..သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်တော့
ရီရှင်းက....အလိုက်သင့်ဝင်လာပြီး
...ဂျွန်မြောင့်ခါးကိုတင်းနေအောင်
သိုင်းဖက်ထားသည်။

Who Loves More?[Season One]Where stories live. Discover now