အပိုင်း[၄]

6.3K 689 15
                                    

Unicode...

ကိုရီးယားကဗျာသင်ချိန်ဖြစ်သည်။

ဆရာမတစ်ယောက်တည်းက
နှစ်ချိန်ဆက်တိုက်တောင်ဝင်နေတော့ ဂျွန်နည်းနည်းပျင်းလာသည်။

ဇက်ကို နှစ်ချက်လောက်ချိုးပြီး
ဘေးတိုက်နှစ်ခုံကျော်က
ချစ်လှစွာသောသခင်လေးကျန်းကျန်းကို
သတိရလို့လှမ်းကြည့်လိုက်တော့...
ကိုယ်တော်က စာကိုလိုက်မကြည့်
ခုံပေါ်မှောက်ကာ...... ဂျွန်တို့ဖက်ကိုစောင်းပြီးကြည့်နေသည်။
ကြည့် ....အဲ့ဒါတွေမုန်းတာ....
စာကိုသေချာလိုက်နားမထောင်ဘူး
ပြီးမှ...ကိုရီးယားစာကို မရဘူး မရဘူးနဲ့
ဖင်ကုန်းအော်...
ဒီက ပဲပြန်ပြန်သင်ပေးနေရတာ
မုန်းတယ်...
ဂျွန်မျက်စောင်းထိုးလိုက်တော့
မျက်လုံးတစ်ဖက်ပြန်မှိတ် ပြလာသည်။ အဲ့ဒါသာကြည့် ..ဘာတွေလုပ်လုပ်ပြမှန်းမသိဘူး။
တစ်ခါ တစ်ခါ ပြေးထိုးပစ်လိုက်ချင်တာ
ရင်တုန်လို့...

မျက်စောင်းလေးတထိုးထိုး နှုတ်ခမ်းလေး
လှုပ်တုပ်လှုပ်တုပ်နဲ့ ဂျွန်မြောင့်ကို ရီရှင်း
အတော်အူယားလာသည်။

ရီရှင်းဗလာစာအုပ် အစွန်းကိုသေးသေးလေးတွေစီ
ဖြဲပြီးစက္ကူ အလုံးလေးလုပ်ကာ ယုန်ပုတုန်ဆီ
လှမ်းပေါက်လိုက်သည်။

~ဟားဟား ~
ရီရှင်းကြိတ်ရယ်လိုက်သည်။
ယုန်လေးစိတ်ဆိုးသွားပြီး
မျက်မှောင်ကြီးကျုတ်လာသည်။
သူတို့နှစ်ယောက်ကြားက ဂျုံဒယ်ကလည်း
စိတ်ကိုမနည်းစိတ်ချုပ်ထားရတဲ့ ပုံ သူတို့ကို
အတော်မျက်စိနောက်နေဟန်....

ဆရာမအလစ်ကို ကြည့်လိုက် ပေါက်လိုက်
လုပ်နေသည်မှာ ဗလာစာရွက်တစ်ရွက်ပင်
ကုန်သွားလေပြီ။

ရီရှင်းတစ်စ လှမ်းပစ်လိုက်တော့
ဂျွန်မြောင် စိတ်ဆိုးဟန် မပြတော့
ပြုံးတုံ့ တုံ့ နဲ့ခေါင်းကြီးတငြိမ့်ငြိမ့် လုပ်နေသည်။

"ကျန်းရီရှင်း ဒါဘာလုပ်နေတာလဲ
နာတော့မယ်..."

ဆရာမအော်သံကြောင့် ရီရှင်း လန့်ဖြန့်သွားသည်။

"သွား .....ကျောင်းဘောလုံးကွင်းမှာ ၂ပတ်ပြေး ငါဒီက ကြည့်နေမယ်.."

Who Loves More?[Season One]Where stories live. Discover now