အပိုင်း[၁၁]

6.4K 662 28
                                    


Unicode...








"ဘာ....
ဟား...ဟား...အငြင်းခံရတယ်လား...ဟားဟား..."

Kris က တဟားဟားနဲ့အော်ရယ်နေတော့
ရီရှင်း..မျက်နှာက မသာမယာ...
ရင်ဖွင့်မိခါမှပဲ...အကျိုးနည်းတော့မည့်ပုံ...

"မင်းကောင်လေး..ဂျွန်မြောင်က...မင်းကိုလိမ်နေတာ
မင်းကို...သူကြိုက်နေတာ..အသိသာကြီး...
ဟိုနေ့က မင်းပို့ပေးတဲ့ ထမင်းဘူးကြီးကို..
ညကျောင်းမှာ..ပြုံးပြုံးကြီးထိုင်စားနေတာ...
ငါတွေ့သေးတယ်..."

"ငါလည်း..အစက ငါ့ကိုကြိုက်တယ်လို့ထင်ဖူးသား...
ဒါပေမယ့်...သူက မဟုတ်ဘူးတဲ့....
သူကကြောက်နေတာ...
ငါပဲထူးဆန်းနေတာ....ထင်ပါတယ်ကွာ...
ငါကြောင့်...သူစိတ်အနှောက်အယှက်ဖြစ်မှာပဲ...
စိုးရိမ်တယ်..."

"အေးလေ.....
ဒါမျိုးက ဒီလိုနေရာမှာတော့...ထူးဆန်းမှာပေါ့...
ငါနေခဲ့တဲ့နေရာတွေမှာတော့ ...ချစ်နေကြတာပဲ..
တကယ်တမ်းဆိုရင်....လူနှစ်ယောက်ချစ်တဲ့ကိစ္စက
ဘာများအပြစ်ရှိနိုင်မှာမို့လို့လဲ....
ဘာပဲဖြစ်ဖြစ်ပါ...ငါ့အကူအညီလိုရင်တော့ပြော..."

ရီရှင်း..ငိုင်နေမိသည်။
ယုန်လေးစိတ်ကို..သူရိပ်မိရင်တောင်..
အတင်းအဖြေမတောင်းလိုပါ။
သူ့အချစ်ကြောင့်...ဂျွန်မြောင်ပင်ပန်းနေရတာ....
..သူသိသည်။
ရီရှင်းကိုလည်းပစ်မထားနိုင်...ရင်လည်းမဆိုင်ရဲတဲ့
ဂျွန်မြောင့်ကို..ရီရှင်းဖိအားတွေမပေးချင်..

"ကျန်းရီရှင်းရာ...အဖိုးကြီးကျနေတာပဲ...
သက်ပြင်းတွေကလည်းချလိုက်တာ...
မင်းယောက်ျားမဟုတ်ဘူးလား....
ယောက်ျားဆိုတာ..ကိုယ်ချစ်တဲ့လူကိုတော့
ကိုယ့်နားမှာရှိနေအောင်..စွမ်းဆောင်တတ်ရတယ်ကွ
တစ်ခုအကြံပေးမယ်ကွာ... ဂျွန်မြောင့်ကို Jလေး
နည်းနည်းသွင်းပေးလိုက်..."

"ဘယ်လို..သွင်းရမလဲ
ငါဘယ်သူနဲ့မှမတွဲချင်ဘူး...
ငါက သူမဟုတ်ရင်...ဘယ်သူ့ကိုမှ..မချစ်ချင်ဘူး.."

"အဲ့လောက်ထိမလိုပါဘူး...
မိန်းကလေးသူငယ်ချင်းထားလိုက်...ဒီလောက်ပဲ"

◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇

ဂျွန်မြောင်..မျက်စိရှေ့က မြင်ကွင်းကိုကြည့်ပြီး
စိတ်တိုလာသည်။
ရီရှင်းနဲ့ သူတို့အတန်းကကောင်မလေး...
စာကြည့်တိုက်ထဲမှာ...
စာကြည့်တာနည်းနည်း...ရယ်နေတာက များများ....
အမြင်ကတ်လိုက်တာ...

Who Loves More?[Season One]Where stories live. Discover now