"သားရေ...အဖေပါ"
အဖေအသံပြုသံကြားတော့
အိမ်ကနေလေးငါးလှမ်းလောက်သွားရုံနဲ့တောင်
ရောက်တဲ့ ခြံတံခါးဝ ဆီကို
ဂျွန်မြောင် အပြေးထွက်သွားမိသည်။အဖေတောင်ပြန်ရောက်ပြီဆိုတော့
ရီရှင်းလည်းအိမ်ပြန်ရောက်လောက်ပြီပေါ့.....ရီရှင်းအဆင်ပြေရဲ့လားမသိ
အဖေ့ကိုမေးကြည့်ရမည်။"စာကျက်နေတာလားသား....
ဒီနေ့သခင်လေးဆီသွားသေးတယ်မလား""ဟုတ် သွားဖြစ်တယ်အဖေ.."
အဖေ့အိတ်ကို လှမ်းယူရင်းဖြေလိုက်တော့...."အင်းအင်း ကောင်းတယ်
သခင်လေးကို ကောင်ကောင်းဂရုစိုက်ရမယ်
သခင်လေးကအဖေတို့ ကျေးဇူးရှင်ရဲ့သား.....
ကျောင်းမှာ အတတ်နိုင်ဆုံး အကူအညီပေးနော်""ဟွန့်
ကိုယ့်သားအကြောင်းလည်းမေးပါဦး..
ခုတလော သူ့သခင်လေးအကြောင်းချည်းပဲ...""ဟားဟားးးးးး
မဟုတ်ပါဘူး ငါ့သားရယ်
သခင်ကြီးက သူနဲ့အတူခေါ်မထားနိုင်တော့သခင်လေးကို
ကူညီဖို့ အထူးမှာထားလို့ပါ....
ဒီနေ့ ဘယ်သွားကြသေးလဲ..
ရှန်ဟိုင်းက သူ့အမေဆီ ဖုန်းဆက်သေးလား....""ဖုန်းတော့ဆက်သံမကြားဖူး
ဒီအတိုင်း
အိမ်မှာပဲ သချၤာ တွက်ကြတာ
သူ့အဖေဆီသွားတာတော့ ဖေဖေသိတယ်မလား....""အင်း... ခုပဲသူ့ကိုပြန်ပို့ခဲ့တာ
သူ့အမေဆီဖုန်းဆက်တာကြားရင်
အဖေ့ကို ပြန်ပြောနော်
ဖြစ်နိုင်ရင် သခင်လေးဘာတွေပြောတယ်ဆိုတာပါ
မှတ်လာခဲ့...
ဲကြားသမျှကို အဖေ့ကိုပြန်ပြောနော်...
သိလား
ဘယ်သွားသွား ဘာလုပ်လုပ် ပြန်ပြောရမယ်နော်"ဂျွန်မြောင် ခေါင်းလည်းမငြိမ့်မိ
ခေါင်းလည်းမခါမိ ပဲ ကြောင်တောင်တောင် ဖြစ်သွားရသည်။
ဖေဖေက ဘာလို့အဲ့လောက်အသေးစိတ်လိုက်
မေးနေလဲမသိ.....
အတော်လေးတော့ထူးဆန်းသည်
ခါတိုင်း ဘယ်အရာကိုမှ အဖေက အရမ်းမစပ်စုတတ်
ခုမှ ဘာလို့ပါ လိမ့်.....ရီရှင်းသူ့အဖေနဲ့သွားတွေ့တာ အဆင်ပြေ မပြေသိချင်လှသည်။
ရီရှင်းဆီဖုန်းသွားဆက်ရင်ကောင်းမလား...
အဖေ့ကိုမေးကြည့်တာပဲကောင်းမလား....
ဘာလုပ်ရင်ကောင်းမလဲ အဖေတစ်မျိုးထင်မှာလည်းစိုးရိမ်နေမိသည်။
သူငယ်ချင်းအဆင်ပြေ မပြေမေးတာ
ဘာထူးဆန်းမှာမို့လို့လဲ....အဖေသိမှာ ကြောက်နေတာကမှ ထူးဆန်းနေသေးတယ်လို့
တွေးပြီး အားတင်းလိုက်ပေမယ့်
ဖုန်းဆက်ဖို့ တကယ်ပဲဂျွန်မြောင်မရဲပါ။
အဖေ့ကို မေးကြည့်ဖို့လည်းမရဲပါ။
YOU ARE READING
Who Loves More?[Season One]
FanfictionSeason one of Love Me More. (Unicode,Zawgyi) SuHo×YiXing M preg, Rated M Cover by #LenCo graphics