အပိုင်း[၂၃]

5K 728 92
                                    

Unicode...

ရီရှင်းရဲ့ .. luggageကို ရှင်းလင်းဖို့ဖွင့်လိုက်တော့....
ဝတ်စုံတွေကို မလျှော်ရသေးဘဲ လုံးထွေးထည့်ထားတာက.. အပုံလိုက်ထွက်ကျလာသည်။
အကုန်ထုတ်ပြီး... ခြင်းထဲထည့်ရသည်။
နေစောင်းနေပြီမို့..
မနက်ရောက်မှဘဲ ... လျှော်ဖို့ ဂျွန်မြောင်တွေးလိုက်သည်။

စာဖတ်ခန်းထဲက သားနဲ့ရှင်းရဲ့ရယ်သံက
အပြင်ကတောင်ကြားရသည်။
ပိုနေတဲ့ အခန်းလွတ်ကို....သားအတွက်အခန်းလုပ်ပေးရ
တော့မယ်ထင်သည်။
မဟုတ်ရင်.. စာဖတ်ခန်းက သားနဲ့ရီရှင်းရဲ့
ကစားကွင်းဖြစ်တော့မည်။
အခန်းလွတ်က ဧည့်သည်လာရင်ထားဖို့အခန်းဆိုပေမယ့်
သူတို့အိမ်ကို ဘယ်ဧည့်သည်မှမလာပါ။
တစ်ဏတစ်ဖြုတ်ထိုင်မယ့် ဧည့်သည်တောင်မလာဖူးပါ။
အိမ်က တက္ကသိုလ်ကျောင်းသားကလည်း..
ဘယ်သူငယ်ချင်း.. ဧည့်သည်မျိုးကိုမှ...
အိမ်ကိုခေါ်မလာပါ။
ကျောင်းကအတွေ့အကြုံတွေမေးကြည့်ရင်လည်း
သူဆယ်ခါမေးမှ ရီရှင်းကတစ်ခါလောက်ဖြေသည်။
ကျောင်းကိစ္စနဲ့ ပတ်သတ်ပြီး.. ဂျွန်မြောင့်အတွက်..
ရီရှင်း..စိတ်မကောင်းဖြစ်နေမှန်းသိနေတာနဲ့..
ထပ်မမေးဖြစ်တော့။

စာဖတ်ခန်းတံခါးကို ...ဖွင့်ပြီးကြည့်တော့..
ကလေးထိန်းနေတဲ့..ရီရှင်းက သူ့ကိုတောင်မမြင်ပါ။
တစ်နှစ်ကျော်သားကလည်း.. လက်လက်ကိုထ...။
ရီရှင်းကလည်း.. အတော်ပျော်နေတဲ့ပုံ...
ရောက်ကတည်းက သားကို လက်ကမချတမ်း
ထိန်းနေတာ..သားကိုတော့အတော်လွမ်းနေပုံရသည်။
အိမ်ပြန်ရောက်တာနဲ့ ပျော်ရွှင်နေတာမြင်ရတော့..
ရှိဖူးတဲ့ သံသယတွေကို ဘေးထားပြီး..
ဘာပဲဖြစ်ဖြစ်ကျေနပ်မိပြန်သည်။
ဘာကြောင့် ပြန်မလာလဲ.. ဘယ်တွေသွားလို့..
ဘာတွေလုပ်လဲ... ဆိုတာတွေ ရီရှင်းကို..
သူမေးကြည့်ချင်ပေမယ့်...
ရီရှင်း..စိတ်ရှုပ်သွားမလားလို့လည်း..တွေးပူ
မိပြန်သည်။

"ပါးရဲ့... သားကြီး...ပြေးလာ...
လာ... ပါးဆီလာ..."

သားက လှဲနေရာကထပြီး.. ရီရှင်းဆီဦးတည်ပြေးလိုက်..
တုံးခနဲ ပစ်လဲသွားလိုက်... ပြန်ကုန်းထလိုက်...။
နောက်ဆုံးတော့.. လက်ဆန့်ပြီး ကြိုနေတဲ့ ရီရှင်း..
ရင်ခွင်ထဲရောက်သွားသည်။

Who Loves More?[Season One]Where stories live. Discover now