အပိုင်း[၂၆]

4.5K 741 108
                                    


Unicode.....

အရာအားလုံး.. ငြိမ်ကျသွားမှ..
ဂျွန်မြောင် အပြင်ကို ထွက်ခဲ့သည်။
သားကြောက်နေတယ်.. ဆိုတဲ့ကိစ္စထက်..
ပိုအရေးကြီးတာ မရှိလို့.. အန်တီကိုလည်း...
အရေးမစိုက်နိုင်ဘဲ.. သားအနားမှာပဲ..
ချော့နေလိုက်သည်။
အိပ်ခန်းအပြင်က ထွက်တော့.. သားက..
ထားခဲ့လို့မရ.. သူ့ဘောင်းဘီစကို.. ဆွဲကာ..
တကောက်ကောက်လိုက်လာသည်။
ပစ္စည်းတွေ.. ပျံ့ကျဲနေတဲ့.. ဧည့်ခန်းထဲက..
ဖန်ကွဲစနဲ့.. ပန်းအိုးကွဲတွေကို အရင်ရှင်းရသည်။
မတော်လို့.. သားတက်နင်းမိမှာ..စိုးရသည်။
အန်တီက.. စားပွဲပေါ်က.. ပစ္စည်းတွေကို..
အကုန်ဆွဲချပစ်တာမို့.. တင်ထားတဲ့..
ဓာတ်ပုံနှစ်ပုံက.. မှန်ကွဲသွားသည်။
မေမေသာ.. အသက်ရှိသေးလို့.. ဂျွန်မြောင့်..
အကြောင်းသိသွားရင်.. ဒီလိုပဲသောင်းကျန်းမလားမသိ။

ဂေါ်ပြားလေးနဲ့..အသာကျုံးထည့်နေတုန်း..
လက်သေးသေးလေး.. တစ်ဖက်က..
သူ့ဘယ်ဘက်ပါးကို...လာထိသည်။
သားက..ငိုငိုမဲ့မဲ့..လေးနဲ့ ရပ်ကာ..
သူ့ပါးကို.. ခပ်ဖွဖွကိုင်နေသည်။

"သား.."

"ဖေဖေ့မှာ.. နာ..နာ.."

သားကအော်ငိုတော့သည်။

"သားရယ်.. မငိုရဘူးလေ.. မငိုနဲ့..
ဒါ အနာမဟုတ်ဘူး... ဒီမှာကြည့်..
သေချာကြည့်.. ဒါက အနီကွက်သားရဲ့...
ဖေ..မနာဘူး.. ဘာမှ မနာဘူးတွေ့လား.."

သားရဲ့လက်ကို.. ထပ်ကိုင်ကာ...
ပါးပေါ်ပွတ်ဆွဲပြီး..မနာကြောင်းပြောမှ..
သားက..အငိုရပ်သွားသည်။
ရှိုက်သံလေးက သဲ့သဲ့ကျန်နေတုန်းဖြစ်သည်။
မျက်ရည်စလေးတွေ.. အသာတို့သုတ်ပေးရင်း..
သားကိုပြုံးပြမိသည်။
အဖေတစ်ယောက်လုံးရှိရက်နဲ့..
သူ့သား ကြောက်လို့ထငိုနေရတာမျိုး..
ထပ်မကြုံချင်ပါ။
ယောက်ျားလေးဆိုပေမယ့်.. သားက နုနယ်တဲ့..
ကလေးအရွယ်သာ..ရှိသေးသည်။
သားလေးကို.. ဂျွန်မြောင် ကာကွယ်ရမည်။
သားသမီးကို..ပူရတဲ့ အပူက.. လောက မှာ အကြီးဆုံးဆိုတာ...ဂျွန်မြောင် နားလည်သွားပြီ။

◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇

ဒီနေ့ ရုံးချုပ်က audit ဝင်တာမို့...
ရီရှင်း.. အိမ်ပြန်နောက်ကျသည်။
အိမ်ထဲဝင်လာတော့.. သားရော..ဂျွန်ရောက..
အိပ်နေကြပြီ။
ခါတိုင်းက.. ဘယ်လောက်ပဲနောက်ကျနောက်ကျ..
ဂျွန်မြောင်က.. သူ့ကိုထိုင်စောင့်နေတတ်သည်။
ဒီနေ့တော့.. သူ့ကိုစောင့်ရင်းနဲ့ပဲ အိပ်ပျော်သွားတာ
ဖြစ်ရမည်။

Who Loves More?[Season One]Where stories live. Discover now