အပိုင်း[၂ ၂]

5.3K 679 102
                                    

Unicode....


ဂျွန်မြောင်သားကို အဝတ်လဲပေးနေတုန်း... ရီရှင်းက
အဝတ်လျှော်ဖို့ ပြင်နေသည်။
ခြင်းထဲက အဝတ်တွေကို သေချာကြည့်ပြီးရွေးထုတ်နေသည်။
အရင်တစ်ခါက သိုးမွေးအနွေးထည်အသစ်ကြီးနဲ့...
တခြားအကျႌတွေကိုရောလျှော်တာ.. ကံဆိုးချင်တော့
သိုးမွေးကဆေးကျွတ်ပြီး.. အနီရောင်တွေက...
တခြားအထည်တွေကိုပါစွန်းကုန်သည်။
အဲကတည်းက ရီရှင်းက မှတ်သွားသည်။

"ဂျွန်... ဒါဘာစာရွက်လဲ..."

"ဘာလဲ.."

သားကို အပြီးသတ်ဘောင်းဘီစွတ်ပေးပြီး...
ရီရှင်းပြောတဲ့စာရွက်ကို ကြည့်ဖို့ထလိုက်သည်။

"ဂျွန်... မင်း part time လုပ်နေတာလား.."

ရီရှင်း.. လက်ထဲက လက်ကမ်းစာရွက်ကို ဆတ်ခနဲ
လှမ်းယူပြီး... လုံးချေလိုက်သည်။
ဘောင်းဘီအိတ်ထဲက ထွက်ကြလာပုံရသည်။

"စဉ်းစားတုန်း...ပါ.."

"ဘာကို စဉ်းစားတာလဲကွာ...သားလည်းရှိနေတာကို..
သားတစ်ဖက်နဲ့ ဘယ်လို လုပ်မလို့လဲ..."

"အဲ့ဒါကြောင့် စဉ်းစားနေရတာပေါ့...
ဘာပဲဖြစ်ဖြစ် ငါ အလုပ်တစ်ခုခုတော့လုပ်ရမယ်..."

ရီရှင်းသိရင် စိတ်ဆိုးသွားမယ် ထင်ခဲ့ပေမယ့်..
သူတွေးထားသလောက် အခြေအနေမဆိုးပါ။
ရီရှင်းကို သေချာပြောပြပြီး.. သူကျိန်းသေပေါက်..
အလုပ်ဝင်ချင်သည်။

"ငါလုပ်ချင်တယ်...ရှင်း...
သားကိုလည်း.. ခေါ်သွားလို့ရမယ့်ဆိုင်မျိုးငါတွေ့ထားတယ်...
နှစ်လမ်းကျော် မှာလေ..... ဆိုင်...."

"ဂျွန်မြောင်.... ခု အိမ်မှာ ဘာအခက်အခဲရှိလဲပြော..
အိမ်စရိတ်လိုလား... မနေ့က လကုန်တော့..
ငါ့လစာအကုန်ပေးထားတယ်လေ...
ဘယ်နေရာတွေ သုံးဖို့လဲ ငါ့ကိုပွင့်ပွင့်လင်းလင်း..ပြော...
ငါရှာပေးမယ်... ငါလိုချင်သလောက် ရှာပေးမယ်..."

"မင်းက ငါ့ကို နားမလည်ဘူးရှင်း.."

ပိုက်ဆံသုံးဖို့စွဲဖို့ အလုပ်လုပ်ချင်နေတယ်လို့.. သူ့ကို
ရှင်း ကအထင်လွဲသည်။
ဒါကလည်း.. နည်းနည်းမှန်သလို ရှိပေမယ့်..
တကယ်တမ်းတော့ ... သူစိတ်ပြေလက်ပျောက်ရှိချင်
လို့ အလုပ်သွားချင်ခဲ့တာ။
ပတ်ဝန်းကျင်တို့ သူငယ်ချင်းတို့ဆိုတာလည်း.. ဘာမှန်းမသိ... မရှိတာလည်းကြာပြီ။
လူတွေစကားပြောပစ်လိုက်မယ်.. ဆိုတဲ့အတွေးနဲ့
သားကို ချီရင်းပိုးရင်းလေ့ကျင့်ထားတဲ့
အင်္ဂလိပ်စာတွေကလည်း...ဒီပုံအတိုင်းဆိုအလကား။
သားကို ချီပြီးအိပ်ခန်းထဲက ထွက်လာခဲ့သည်။
သားအတွက်နေ့လည်စာ ငါးဆန်ပြုတ်လေး လုပ်ထားတာ တိုက်ရမည်။

Who Loves More?[Season One]Where stories live. Discover now