Unicode..."သားရေ...
ဒီကို..ခဏ...မိတ်ဆက်ပေးချင်လို့..."ပါးပါးရဲ့ဇနီးက သားချင်းထပ်နေတဲ့...
ရွှန်းရွှန်းဝေမှုတွေကြားမှာ..
ရီရှင်း....အသက်အောင့်ပြုံးနေရသည်။ပါးပါး..ယောက္ခမမွေးနေ့ဆိုတဲ့..
ညစာ စားပွဲကိုရောက်နေခြင်းဖြစ်သည်။
ညနေအစောတည်းကကျောင်းမှာလာကြိုကာ
အဝတ်အစားဆိုင်တွေ ဆံပင်ညှပ်ဆိုင်တွေပါရောက်ခဲ့ရသည်။ပါးပါးဇနီးသည်အဒေါ် ဟန်မီယောင်းကပုံမှန်တိုင်းဆို
ရီရှင်း အဖက်လုပ်လေ့မရှိပေမယ့်..
ခုလို လူရှေ့ဆိုရင်..သိပ်အကဲပိုပြတတ်ကြောင်း
ရီရှင်းရဲ့တစ်နှစ်တာ အတွေ့အကြုံအရ နောကျေနေပြီ။"သားလေးက လူချောလေးပဲ...
ကောင်မလေးတွေတော့..ဝိုင်းနေမှာပဲ...""ကျေးဇူးပါခင်ဗျ.."
လူတွေကိုအလိုက်အထိုက်ဆက်ဆံပြုံးပြရတဲ့အပေါ်..ရီရှင်းပင်ပန်းတယ်လို့မတွေးမိပါ....
ဒါပေမယ့်....ခုလို လူတွေကြားထဲမှာရပ်နေပြီး...
လွှင့်....လွှင့်ထွက်နေတဲ့ စိတ်ကို ဖမ်းရတာ
အတော်ခက်သည်။
သူ့စိတ်သည်...ဂင်ဂျွန်မြောင်နဲ့တစ်မီတာပတ်လည်
အတွင်း၌သာ အာရုံစိုက်အား..ကောင်းပုံရသည်။"သား...ခဏ...
ဒီမှာ...သားဒေါ်လေးနဲ့မိတ်ဆက်ပေးလို့..."ဂျွန်မြောင့်အကြောင်းတွေးနေတုန်း...
ခေါ်သံကြားလိုက်တော့မှ..စိတ်နဲ့လူနဲ့ပြန်ကပ်သည်။"ဟုတ်ကဲ့...လာပြီ
...အ....မေ..""ဒါ....သားဒေါ်လေးလေ...မေမေ့ညီမ...
ဒီညနေမှ....USကပြန်ရောက်တာ
ဒေါ်လေး...ဟန်နာယောင်း....တဲ့
အိမ်မှာတော့အငယ်ဆုံးပေါ့...
ကဲ...နှုတ်ဆက်လိုက်ဦး..."ဟန်မိသားစုမှာ သမီးလေးယောက်ရှိသည်ဟု
ရီရှင်းကြားထားရာ ခုမိတ်ဆက်ပေးသည့် ဒေါ်လေးနာယောင်းက အငယ်ဆုံးဖြစ်မည်။
အတော်လေးငယ်ဦးမည့်ပုံ
နှုတ်ခမ်းနီရဲရဲ စိန်နားဆွဲနဲ့ ဆွဲဆောင်မှုရှိရှိလှနေသည်။
ညီအစ်မတွေအကုန်လုံးက လှကြပေမယ့်
တစ်ယောက်နဲ့တစ်ယောက်..မချစ်ကြမှန်းတော့
သိသာလှသည်။"မင်္ဂလာပါခင်ဗျ...ကျွန်တော်ကျန်းရီရှင်းပါ.."
"မင်္ဂလာပါကွယ်....
တို့အစ်မတို့များသွက်လိုက်တာ...မေမေတွေတောင်
ဖြစ်နေပြီ...ဟင်းဟင်း...
ကောင်းပါတယ်...ဒီလိုအဆင်ပြေကြတာ..
ဆေးရုံခဏခဏသွားနေပြီးကလေးမရနိုင်တာကနေ
ခုလိုမျိုး...အရွယ်ရောက်ပြီးသား...သားတစ်ယောက်
ဗြုန်းဆိုရောက်လာတော့..ထီပေါက်သလို
ပျော်နေမှာပေါ့..."
YOU ARE READING
Who Loves More?[Season One]
FanfictionSeason one of Love Me More. (Unicode,Zawgyi) SuHo×YiXing M preg, Rated M Cover by #LenCo graphics