အပိုင်း[၂]

7.7K 785 5
                                    

(Unicode)

၃ပတ်လောက် ကျောင်းတက်ပြီးတော့
ရီရှင်း နေသားကျစ ပြုလာသည်။
မားမား...ကို လွမ်းနေရပေမယ့်
ကိုရီယားမှာ ထင်ထားတာထက်
အဆင်ပြေနေသည်။
အကုန်လုံးက ယုန်လေးကျေးဇူးတွေ....
ကျောင်းမှာ ကူညီတဲ့ အပြင် ပိတ်ရက်တွေမှာလည်း
ဈေးတို့ ပန်းခြံတို့လိုမျိုးဟိုဟို ဒီဒီ နေရာလေးတွေ ခေါ်သွားတတ်သေး....။

အထက်တန်း ပထမနှစ်ကျောင်းသားလေးယုန်ပုတု
သူခုတက်နေသည့်.. အတန်းClass A ရဲ့
စာတော်တဲ့ကောင်လေး
အားကိုးရတဲ့ အတန်းခေါင်းဆောင်လေး.....

"သခင်လေး
ဖုန်းလာနေပါတယ်.."

"ဟုတ် ...အဒေါ်"

ရီရှင်း ဧည့်ခန်းထဲကို ဆင်းလာပြီး
ဖုန်းခွက်ကိုကောက်ကိုင်လိုက်သည်။

📞"ကျန်းရီရှင်းပါ .....ခင်ဗျာ"

"📞သားလား
ပါးပါးပါ ။
ညနေကျ ...ကားလွှတ်လိုက်မယ်
အိမ်မှာ ညစာလာစား...
သားကို လက်ထောက်ဂင် ၄နာရီလောက်
ကျရင် လာခေါ်လိမ့်မယ် အဆင်သင့်လုပ်ထားနော်.."

📞"ဟုတ်ကဲ့"

📞"ပါးအလုပ်ရှုပ်နေလို့ဒါပဲနော်..."

ပါးပါးဖုန်းချသွားသည်။
ရီရှင်းကိုရီယားကိုရောက်ပါပြီ ဆိုတည်းက
တစ်ခါမှ မဆက်သွယ်သောအဖေ....
လိုသေးမရှိ စီစဉ် ပေးထားတာမို့
အဆင်ပြေရဲ့လား လို့ မေးစရာမလိုဘူးများ
ပါးပါးထင်နေသလားမသိ
အရင်တုန်းက ရှန်ဟိုင်းက သူတို့သားအမိ အိမ်ကို ပါးပါးက တစ်နှစ် ၃ခါလောက်တော့လာသည်။
ပါးပါးနဲ့ ရင်းနှီးတဲ့သားအဖ ဆက်ဆံရေးမျိုး မရှိပေမယ့် စိမ်းသက်လည်းမနေ......
ငယ်ဘဝကို မားမားနဲ့ ထားပြီး အရွယ်ရောက်လာ
တော့ ပါးပါး က လာခေါ်သည်။

အရာအားလုံးက စနစ်တကျ တစ်ခုပြီးတစ်ခု
ဖြစ်ပျက်နေပြီး ရီရှင်းကပဲ ထူးပြီးဝမ်းနည်းနေသလို..
ီသူ့ခံစားချက်တွေကပဲ ...ထူးဆန်းနေသလို
အခြေအနေ ကြီး..
ရီရှင်း တကယ်မုန်းသည်။

အိမ်ကို လာခဲ့ဖို့ ပြောသွားတော့ ပါးပါး မိသားစုနဲ့တွေ့ရမည့်ပုံ
ပါးပါးရဲ့မိသားစုလို့တွေးမိတာနဲ့
စိတ်တွေရှုပ်ထွေးပြီး ရင်ထဲမှာလေးလံလာသည်။

Who Loves More?[Season One]Where stories live. Discover now