အပိုင်း[၁၈]

5.7K 637 70
                                    


Unicode


တစ်ရေးမှ မအိပ်ရသေးတဲ့ မျက်လုံးတွေနဲ့ကုတင်ပေါ်မှာ..ငေါင်စီစီထိုင်နေတုန်း..ရီရှင်းက ဖုန်းနံပါတ်ရေးထားတဲ့စာရွက်တစ်ခုလာချပေးသည်။
အဖေ့ဖုန်းနံပါတ်ပဲဖြစ်လိမ့်မည်။

"ရှင်း..အပြင်ခဏထွက်ပေး.."

ရီရှင်းရှေ့မှာ ဂျွန်မြောင် အဖေနဲ့ဖုန်းမပြောလိုပါ။ရီရှင်းက သူ့နဖူးကိုဖွဖွနမ်းပြီး..အပြင်ထွက်သွားပေးသည်။

နံပါတ်နှိပ်တုန်း..တုန်ရင်နေတဲ့ လက်တွေကိုအသာထိန်းရသည်။ဆုံးဖြတ်သား
မို့မကြောက်လန့်ပေမယ့်..အဖေ့ကိုအားနာလွန်းပြီးစိတ်မကောင်းတာမို့
ဝမ်းနည်းကာတုန်နေမိသည်။
အဖေက ဂျွန်မြောင့်အပေါ်ဘယ်လောက်တောင်မျှော်လင့်ထားလိုက်သလဲ။
ကလေးမွေးပြီးချိန်ထိပါပဲ။ပြီးတာနဲ့..ကျောင်းပြန်တက်ပြီး..
အဖေ့ ဆန္ဒကိုဖြည့်တဲ့အနေနဲ့ရော..
သူ့ရည်မှန်းချက်အရပါ ကြိုးစားရမည်။

"သားလား.."

အဖေ့အသံကြားလိုက်တာနဲ့ ..ပြေးသွားတွေ့ချင်လာသည်။မေမေနဲ့သူ့အပေါ်ကို မေတ္တာရှိလွန်းတဲ့သူ့အဖေ...။
သူများခိုင်းသမျှကို ကားတစ်စီးနဲ့ပြေးပြေးလွှားလွှားလုပ်ကာ...ရှာထားရတဲ့ ပိုက်ဆံတွေကို..သူက ကျောင်းတက်မယ်ဆိုပြီး..လိမ်ယူခဲ့သလိုဖြစ်ခဲ့သည်။
တကယ်ပဲ ..သားမိုက်ဖြစ်သွားပြီးပြီ။

"သား...
အဖေနဲ့ ပြန်လိုက်ခဲ့နော် .အဖေနဲ့အတူတူ..အိမ်ပြောင်းပြီး..စိတ်သစ်လူသစ်နဲ့ ပြန်စနေမယ်..."

"....."

"ဘယ်သူမှ...မသိခင် အဖေနဲ့ပြန်လိုက်ခဲ့ပါ.."

"သား..ရီရှင်း...ကို..သိပ်..ချစ်..တယ်..
မခွဲနိုင်ဘူး...အဖေ.."

"သူနဲ့ခွဲနေကြည့်လိုက်...
သားအနေနီးလို့...ဖြစ်သွားတယ်ဆိုတာ...
သဘောပေါက်သွားလိမ့်မယ်...
အမြဲတမ်း...အတူနေနေရင်..ဘယ်သိနိုင်မလဲ
အဖေပြောတာ...နားထောင်စမ်းပါ..."

"ဟင့်အင်း...
အဖေ ...မေမေ့ကိုချစ်သလို...သားလည်းရီရှင်းကို ချစ်တယ်...သားဒီမှာပဲနေမှာ..
ပြန်လို့ မရဘူးအဖေ..."

အဖေရဲ့.. သက်ပြင်းချသံကိုကြားလိုက်သည်။
တစ်ဖြည်းဖြည်းဒေါသသံပါလာတဲ့အဖေ့ကို
ဂျွန်မြောင် ဒိုင်ခံငြင်းနေသည်။
နားလည်ပေးနိုင်အောင် သေချာပြောပြချင်ပေမယ့်..
ခုခဏတာဖုန်းပြောချိန်မှာ ..ဘယ်လိုမှ အခွင့်မသာ..။

Who Loves More?[Season One]Where stories live. Discover now