အပိုင်း[၁၉]

5.2K 617 78
                                    


Unicode

သားလေး ၆လထဲ ရောက်တော့
သူတို့အိမ်ပြောင်းဖြစ်ကြသည်။
အရင်အိမ်က အတော်လေးအဆင်ပြေပေမယ့်
တစ်နေရာတည်း ကြာကြာမနေဖို့ ရီရှင်းက
ဆုံးဖြတ်ထားကြောင်းပြောတာနဲ့ပြောင်းကြခြင်းဖြစ်သည်။
သားနဲ့ကိုက်ညီမယ့် အိမ်အနေအထားမျိုးကိုလည်းရွေးရသေးသည်။
သားက ကြီးကြီးမားမား..ရောဂါမဖြစ်တာလွဲရင်..
အသေးအဖွဲလေးတွေလောက်က စုံနေအောင်
ဖြစ်သည်။
ကလေးအရွယ်တွေ ဖြစ်တတ်တာ မှန်သမျှ
သားကမဖြစ်ဖူးတာမရှိ။
မိခင်နို့ရယ်လို့မစို့ရ ရှာတော့ သားကို သနားလည်းသနားရသည်။
သားမွေးစတုန်းကတော့
နို့လှူတဲ့ ဌာနကိုသွားပြီး လျှောက်လွှာတင်ကာ
တခြားမိခင်တွေ လှူထားတာနဲ့သားကိုတိုက်ရသည်။
ခုတော နို့မှုန့်ပဲ တိုက်နေပြီး..ဒီလကုန်တာနဲ့
ဖြည့်စွက်စာ စ ကျွေးရမည်။

ညနေက သားအတွက် နို့ဘူးသုံးဘူး ကြိုဖျော်ထားပေမယ့်...ညဦးပိုင်းရောက်တော့
တစ်ဘူးသာကျန်သည်။
ညလယ်လောက်ဆို သားကတရေးနိုးပြီး
နို့တစ်ဘူးလောက်သောက်ပြီးမှ ပြန်အိပ်တတ်
တဲ့ အကျင့်လေးရှိတာမို့ ကြိုဖျော်ဖို့ဂျွန်မြောင်ပြင်ဆင်ရသည်။
ရေနွေးတည်ခဲ့ပြီး...ညနေကသားရှူးပေါက်ချလို့ လျှော်လှမ်းထားတဲ့ စောင်လေးတွေ
ထွက်ရုတ်ရသေးသည်။
သားက diaper မကြိုက် ။ညအိပ်လို့ဝတ်ပေးရင်..ကော့လန်နေအောင်
အော်ငိုတာမို့..သနားတာနဲ့ဝတ်မပေးဖြစ်
အပင်ပန်းခံကာ သေးစို အဝတ်အကုန်လျှော်
သည်။

အဝတ်ရုတ်ပြီး ပြန်ဝင်လာတဲ့ ဂျွန်မြောင့်ကို
သားက တဟဲဟဲရယ်ပြနေသည်။
ဘာတွေသဘောကျနေတာလဲမသိ။
ဖင်ထိုင်လေးနဲ့ အရုပ်လေးတွေကိုလည်း..
ကျစ်နေအောင် ဆုပ်ထားလိုက်သေး။
နို့ကိုဖျော်ပြီး အအေးခံထားတုန်း...
သားငိုသံကြားတာနဲ့ မီးဖိုခန်းကပြေးထွက်ပြီးမြှူကာ
သားကိုချီရက်နဲ့...ဟင်းတွေနွေးရသည်။
ခဏနေ ရီရှင်းပြန်လာတဲ့ အခါ
ပူပူနွေးနွေးစားစေချင်သည်။

နှစ်ဝက်စာမေးပွဲနီးတော့ ရီရှင်းက စာကြည့်တိုက်မှာပဲ
စာလုပ်နေရသည်။
ပထမနှစ်စာမေးပွဲက သားလေး..မွေးပြီးစအချိန်နဲ့တိုက်တော့
အလုပ်တွေရှုပ်တဲ့ကြားက သွားဖြေရတဲ့
ရီရှင်းက result ထွက်လာတော့ grade တွေကထင်သလောက်မကောင်း..။
သားကို ဂျွန်မြောင်ပဲအချိန်ပြည့်နီးပါးတာဝန်ယူ
ကာ ရီရှင်းကို စာကြည့်ခိုင်းရသည်။
သားကို မွေးပြီးရင် ကျောင်းပြန်တက်မယ်လို့
ဂျွန်မြောင် ခပ်လွယ်လွယ်စိတ်ကူးယဉ်ခဲ့ ဖူးသည်။
ခုတော့ သားသုံးနှစ်လောက်ရောက်လို့
ကလေးထိန်းကျောင်းပို့နိုင်မှပဲ ပြန်တက်ဖြစ်လောက်သည်။ သား ပိစိကွေးကို
Nanny တွေနဲ့ထားဖို့ကလည်း သူရော ရီရှင်းပါ စိတ်မချနိုင်ပါ။

Who Loves More?[Season One]Where stories live. Discover now