အပိုင်း[၇]

6K 639 61
                                    

Unicode



"အဒေါ်ရေ....မနေ့က ဝယ်ထားတဲ့ သရက်သီးပါ ခွဲထားဦး..ဂျွန်မြောင်က..သရက်သီး..ကြိုက်တယ်"

"ဟုတ်...သခင်လေး..
ဒီနေ့....ဆရာလာမယ်ဆို...
ဆရာဖို့က ဘာပြင်ပေးရမလဲ"

"အမ်...ဆရာလား...
ဆရာကတော့..အဒေါ်ကြီးပဲကြည့်လုပ်လိုက်..
ကော်ဖီနဲ့..မုန့်ဆိုရမယ်ထင်တာပဲ"

ရီရှင်း...ဒီနေ့အတော်ကို တက်ကြွနေသည်။
အထက်တန်း နောက်ဆုံးနှစ်အတွက်
စာစသင်ရမည့်နေ့ဆိုတော့ ဒီလောက်တော့ရှိရမည်။
အခုဂျွန်မြောင့်ကိုသွားခေါ်မည်။
အပြန်ကျ လိုအပ်တဲ့ စာအုပ်တွေဝင်ဝယ်မည်။
ဂျွန်မြောင့်အတွက်ပါဆို နှစ်စုံ..

"ဦးလေး လီ ရေ...သွားကြမယ်"

                  ◇◇◇◇◇◇◇

အဖေက ...မနက်အစောကြီးထဲက..အလုပ်ကို ထွက်သွားသည်။
ရီရှင်း... စောစောလာခေါ်မယ်ဆိုလို့..
အိပ်ရာနိုးတည်းက ရေမိုးချိုးပြင်ဆင်နေတာ
နာရီကြည့်လိုက်တော့ ရှစ်နာရီ..သာရှိသေးသည်။
အရမ်းများစောနေသလားမသိ...
တွေးနေတုန်း...ဘဲလ်သံကြားလိုက်သည်။
ရီရှင်းလာတာပဲ ..ဖြစ်ရမည်။

တံခါးသွားဖွင့်တော့ပေါ်လာတာက
စက်ဘီးတစ်စီးနဲ့...ဂျုံဒယ်....

"ဂျုံဒယ်..ဘယ်လိုလုပ်ပြီးရောက်ချလာတာလဲ.."

"ပျင်းလို့.... ဂိမ်းဆိုင်သွားမလို့ထွက်လာတာ..
ဒီနားက ဖြတ်တော့ မင်းကိုသတိရပြီး...
ဝင်လာတာ..မင်း....အားလား"

"ငါလား.....သွားစရာရှိတယ်..."

ပြောလို့မှမဆုံးသေး...ရီရှင်းရဲ့ကားက ရောက်ချ
လာသည်။

"ဂျွန်မြောင်ရေ....ဂျွန်....ဘာလုပ်နေတာလဲ....
တစ်ယောက်တည်းလား....
ဘာလို့ခြံတံခါးကြီး...ဖွင့်ထားတာလဲ...
ဂျွန်မြောင်..."

အော်ပြီး..ဝင်လာသည့်ရီရှင်းကို..
ဂျုံဒယ်က မျက်လုံးပြူးကြီးနဲ့ ကြည့်နေသည်။

"ဟင်...ဂျုံဒယ်ပါလား..."

"အေး...ဟုတ်တယ်..ငါ..."

ဂျုံဒယ်က ဘောက်ဆတ်ဆတ်ပြန်ဖြေတော့
...ရီရှင်းက ပုခုံးတစ်ဖက်တွန့်ပြီး.
.ခေါင်းတညိမ့်ညိမ့်လုပ်နေသည်။
ဂျွန်မြောင်..သိသားပဲ..
ရီရှင်း...လူကြီးအထာဖမ်းနေတာ..
ကလေးတွေစကားပြောမတတ်တာကို
ခွင့်လွှတ်ပါတယ်ဆိုတဲ့ပုံစံမျိုး....

Who Loves More?[Season One]Where stories live. Discover now