အပိုင်း[၂၅]

5K 747 110
                                    

Unicode.....

မနားတမ်းရှင်းပြနေတဲ့.. ရီရှင်းကိုကြည့်ပြီး..
စိတ်မကောင်းလွန်းလို့.. ဂျွန်မြောင်..ပေါက်ကွဲပစ်ချင်မိသည်။
~ငါနဲ့သား..ထွက်သွားရမလား~ဆိုတဲ့..
စကားက..ရီရှင်းအတွက်...
အတော်လေး..ထိုးနှက်နိုင်တဲ့..လက်နက်ဖြစ်ပုံရသည်။
သူ့လက်ကိုမရမက ဆွဲကိုင်လို့....
မားမားရောက်လာတဲ့ အကြောင်းတွေတသီတစ်တန်းကြီးရှင်းပြလာသည်။
ဝမ်းနည်းမှုကြောင့်...ရီရှင်းအသံတစ်ချက်
တစ်ချက်..တိမ်ဝင်သွားတဲ့အခါ..
ဂျွန်မြောင်..ရင်နာလှသည်။
ရီရှင်း.. လိမ်မပြောတတ်တာ.. သူအသိဆုံးဖြစ်သည်။
ဘာကြောင့် ညာကြောင့် အကြောင်းရင်းများစွာနဲ့
ဖုံးကွယ်ထားတတ်တဲ့ ..အကျင့်တစ်ခုကိုတော့..
ဂျွန်မြောင်..မကြိုက်...။
အားလုံးပြောပြပြီးတဲ့ အခါ..ရီရှင်းက ခေါင်းငိုက်စိုက်...။
ပေးသမျှအပြစ်ကိုခံပါ့မယ်ဆိုတဲ့..
ကလေးတစ်ယောက်ရဲ့ ဟန်ပန်နဲ့..ရပ်နေသည်။

"ငါ့ကို.. ဘာလို့စောစောကမပြောပြတာလဲ..
ရီရှင်း....
ငါ့ကို.. မင်းဘာလို့မတိုင်ပင်ရတာလဲ..
ငါတို့ အတူရင်ဆိုင်ရမယ်လေ..
ငါတို့က.. မိသားစုလေ... မင်း..ဘာ..လို့..
မင်းကွာ.."

ရီရှင်းရဲ့ပုခုံးကို..ဆုပ်ကိုင်လှုပ်ရမ်းရင်း..
အားမရစွာ..အော်ဟစ်..ပေါက်ကွဲမိသည်။
ရှင်း..တစ်ယောက်တည်း..New Yorkရဲ့..
မြေအောက်လမ်းကြားတွေမှာငွေထုပ်ပိုက်ပြီး..
သွားခဲ့ရတယ်ဆိုတဲ့.. အသိက..
သူ့ကို တိုးလို့ နာကျင်စေသည်။

"ဂျွန်ရယ်.. ငါက မင်းကို လူချမ်းသာအောင်မှ..
မထားနိုင်တာ..
စိတ်ချမ်းသာအောင်တော့.. ငါထားချင်တာပေါ့...
မင်းကို အပူတွေမပေးရက်ဘူး..."

"အရူးကောင်ရဲ့...
ငါကလေ.. မင်း..အေးတိအေးစက်ဖြစ်နေတာကို
ကြည့်ပြီး.. ငါနဲ့ လမ်းခွဲချင်နေတာလားလို့..
တွေးပူနေခဲ့တာ...
ဒါတွေကျမင်းမသိဘူးလား..."

"ကိုယ်တောင်းပန်တယ်...
တကယ်ပဲတောင်းပန်ပါတယ်... အချစ်ရယ်..
ကိုယ်က.. အပြင်က ပြဿနာကို အပြင်မှာပဲ..
ထားခဲ့ချင်တာ..တကယ်ပါ...
ကိုယ်ထိန်းချုပ်ပေမယ့်... ကိုယ်.. ကိုယ်..
မတတ်နိုင်တဲ့ အခါတွေမျိုးမှာ..
မင်းကို..ပင်ပန်းစေမိတယ်...
ငါက မကောင်းတဲ့လူပါ.. ဂျွန်ရယ်..."

Who Loves More?[Season One]Where stories live. Discover now