အပိုင်း[၁၅]

6.1K 649 40
                                    

Unicode....

ပါးပါးဆီက ယူလာတဲ့ ..ဖိုင်ကို ရီရှင်းအထပ်ထပ်ပြန်လှန်ကြည့်နေမိသည်။
ကြိုက်တဲ့ ကျောင်းရွေးလို့ တစ်ခွန်းတည်းပါးပါးက
ပြောသည်။
သားဘာဝါသနာပါလို့တောင်...ဝတ်ကျေတန်းကျေ
တစ်ခွန်းမမေး...။
သူကိုယ်၌ကလည်း..အမေးခံရဖို့ကိုမျှော်လင့်မထား.
ဖိုင်ထဲမှာ Business နဲ့ဆိုင်တဲ့ မေဂျာတွေချည်း..ရေးထားသည်။
ကျောင်းတွေအကုန်လုံးက USA မှာချည်း...

ကိုရီယားကိုရောက်စတုန်းက သူ့အတွက်ဘဝစပြီလို့
တွေးခဲ့ဖူးသည်။
ခုအခြေအနေနဲ့ နှိုင်းကြည့်ရင်..အဲ့တုန်းကစိတ်ညစ်ဖူးတာတွေက
ခုချိန်မှာ...ဟာသလို
အဆင်မပြေရင်..မားမားဆီပြန်ပြေးမယ်ဆိုတဲ့အတွေးက..သူ့အတွက်စိတ်ဖြေစရာထွက်ပေါက်တစ်ခုဖြစ်ခဲ့
ဖူးသည်။

ခုတော့..ပြန်ပြေးစရာလည်းသူ့မှာမရှိ...
မားမားအိမ်ဆိုတာ....သူအတွက် အတိတ်လောက်ပဲ...ကျန်လိမ့်မည်။
ပါးပါးရဲ့မိန်းမ...မားမားရဲ့ယောက်ျား...
ဒီလိုတွေ...ခွဲခေါ်နေရတဲ့သူ့ဘဝက..ရယ်စရာ...
ူသူ့ကို..ဘယ်သူကမှ..မပေးဖူးတဲ့ မိသားစုဘဝကို
သူကလည်း..အထူးတလည်မတောင့်တမိတော့...

ဗိုက်ဆာလာတာမို့...တရုတ်စားသောက်ဆိုင်တစ်ဆိုင်
ထဲဝင်လိုက်သည်။
တစ်မနက်ခင်းလုံး..ပါးပါးကိုတွေ့ဖို့..အစည်းအဝေးမပြီးမချင်း..ဗိုက်ဟောင်းလောင်းနဲ့ ထိုင်စောင့်...
ပြီးတော့...တစ်ခါ အန်တီကြီးရှိတဲ့ဆေးရုံကိုပြေးပြီးသွားတွေ့ရသေး...
ဟင်းပွဲတွေမြင်တော့..ဂျွန်မြောင့်ကို သတိရမိသည်။
ခုတလော...ဂျွန်ကြိုက်နေတဲ့...ဟင်းတွေ..
အစားတွေရှေ့ရောက်ရင်..ယုန်မျက်လုံးက လဲ့ပြီးတောက်နေ..တတ်တာမျိုး...

ရုတ်တရက်ဖုန်းမြည်သံကြောင့်...အိတ်ကပ်ကိုစမ်း
ဖုန်းကို ထုတ်လိုက်သည်။
သူ့အိမ်ဖုန်းနံပါတ်ဖြစ်နေတာမို့အမြန်ကိုင်လိုက်သည်။

📞"ရှင်း...ပြန်မလာသေးဘူးလား.."

📞"လာနေပြီ...ထမင်းစားနေလို့.."

📞"မြန်မြန်လာ...ပြောစရာရှိတယ်.."

📞"လာမယ်နော်...ခဏလေးပဲစောင့်..ချစ်တယ်.."

ဂျွန်မြောင် ပြောစရာရှိတယ်ဆိုတာ..ကလေးကိစ္စကလွဲရင်..
တခြားမဖြစ်နိုင်...
ခုချိန်မှာ...ရီရှင်းရင်မဆိုင်ချင်ဆုံး..ကိစ္စ...
ငါ့ကလေးကို..မွေးပေးပါလို့...ဂျွန်မြောင့်ကိုသူမတောင်းဆိုရက်
ချစ်ရသူက ယောက်ျားတစ်ယောက်မာန အပြည့်ရှိသူမို့..ဒီကိစ္စကို ဘယ်လိုမှလက်မခံနိုင်ဘူး
ဆိုတာ..သူ..ကိုယ်ချင်းစာပြီး..သနားရသည်။
သူအတင်းတောင်းဆိုပြီး..အတူနေမိလို့...
ဖြစ်ရတာဆိုတော့...သူ့အပြစ်လို့ပဲခံယူသည်...။
ဂျွန်မြောင်ဆုံးဖြတ်ချက်ကို..သူလိုက်နာပါမည်။

Who Loves More?[Season One]Where stories live. Discover now