အပိုင်း[၁၃]

7.3K 609 52
                                    

Unicode..

"ဂျွန်ရေ....အာလူးကြော်လျှော့လိုက်...
နို့ဘူးထပ်ထည့်ဦး....စာမေးပွဲနားနီးတော့ အားရှိဖို့လိုတယ်"

တွန်းလှည်းကိုတွန်းရင်း...ဟိုဟာထည့်..ဒီဟာထည့်နဲ့
ချေးများနေတဲ့ရီရှင်းကို...ဂျွန်မြောင်တစ်ချက်
စောင်ကြည့်ပေးလိုက်သည်။

နေ့တစ်ဝက်နဲ့ပဲကျောင်းဆင်းပေးတာမို့..
ကျောင်းကအပြန် ...အသစ်ဖွင့်ထားတဲ့ Shopping
Mall ထဲနှစ်ယောက်သား...ဝင်ကြည့်ကြရင်း..
တော်တော်နဲ့ ပြန်မထွက်ဖြစ်...
ရီရှင်းက အားဖြည့်မယ်လို့အကြောင်းပြရင်း...
သူ့ဟာသူ ကြိုက်တာတွေချည်း..ရွေးဝယ်သည်။

"ပီကေတွေက အားရှိလို့လား...
အလကားလျှောက်ဝယ်နေ...."

ဂျွန်က ခပ်ငေါက်ငေါက်ပြောတော့...သွားအဖြဲသားနဲ့
တဟီးဟီးလုပ်နေသည်။

သစ်သီးတန်းရောက်တော့ ...ဂျွန်လည်းဝယ်ချင်သွား
တာမို့...ဖရဲသီးကြီးကိုပြေးကောက်လိုက်သည်။

"ကျန်းရီရှင်း......"

ရုတ်တရက်...ခေါ်သံကြောင့်...ရီရှင်းရောဂျွန်မြောင်ပါ
လှည့်ကြည့်လိုက်မိသည်။

"ဟုတ်ပါ့မလားလို့ကြည့်နေတာ...
တကယ်ဟုတ်နေတာပဲ....ကျောင်းဝတ်စုံနဲ့လည်း...
ချောသားပဲ...
ကျောင်းဆင်းပြီပေါ့...."

ဆံပင်ကို ခပ်မြင့်မြင့်လေးထုံးထားပြီး...
ဇာအပွင့်လေးတွေနဲ့ အကျႌကိုဝတ်ထားတဲ့
ဒီအမျိုးသမီးလှလှက.. ရီရှင်းနဲ့...
ဘယ်တုန်းက ရင်းနှီးတာလဲ..ဂျွန်မြောင်မသိ။

"ဟုတ်...
ဈေးလာဝယ်တာလား...ခင်ဗျ..."

"အင်း...
အစ်မနဲ့ လာတာ..ဟိုမှာလေ....."

အန်တီနာယောင်းက...အသီးတွေရွေးနေတဲ့..
အန်တီကြီးဆီမေးထိုးပြတော့...ရီရှင်းအန်တီကြီးဆီ...
ပြေးသွားပြီးနှုတ်ဆက်လိုက်သည်။
အန်တီကြီးက...မေမေကြီးတို့ရဲ့ အစ်မအကြီးဆုံး
လေးစားဖို့ကောင်းတဲ့လူမို့ ရီရှင်း..ရိုသေသည်။
နှုတ်ဆက်ပြီး...ပြန်လာတော့..အန်တီနာယောင်းက
ဂျွန်မြောင့်ကို ဘာပြောနေတယ်မသိ...
ဂျွန်ကလည်းခေါင်းတငြိမ့်ငြိမ့်....

"ရီရှင်း...တစ်ခုခုလိုက်စားပါဦးလား..."

"အားနာလိုက်တာ...အန်တီရယ်...
ကျွန်တော် ကျူရှင်လည်းတက်ရဦးမှာမို့...
သွားရတော့မယ်....နောက်တစ်ခါကျမှအတူစားတာ
ပေါ့..."

Who Loves More?[Season One]Where stories live. Discover now