Unicodeရီရှင်းနဲ့အတူတူ..Californiaမှာကျောင်းလိုက်တက်မယ်လို့ဖေဖေ့ကို ဂျွန်မြောင်ပြောတော့..
ဖေဖေက ဝမ်းသာနေသည်။
ဖေဖေတစ်သက်လုံးစုဆောင်းခဲ့တာ..ငါ့သားပညာရေးအတွက်ဆိုပြီး..ကျေနပ်နေရှာသည်။
မလိမ်စဖူး...ဖေဖေ့အပေါ်လိမ်လည်တဲ့အပြစ်ကြီးတစ်ခုကို..လုပ်မှာမို့..ရင်ထဲကသာအထပ်ထပ်တောင်းပန်
နေရသည်။တောင်းပန်ရုံနဲ့..မရမှန်းသိပေမယ့်..
အားလုံးဖွင့်ပြတဲ့တစ်နေ့ကျရင်...ဖေဖေခွင့်လွှတ်နိုင်ဖို့
ဂျွန်မြောင်မျှော်လင့်သည်။"ကလေးရေ....မင်းက ဖေဖေ့ရဲ့ အရာအားလုံးပါ...
ရှိသမျှအားလုံးကိုရင်းပြီး...မင်းကို ဒီလောကထဲခေါ်ပါ့မယ်...ကျန်းကျန်းမာမာကြီးပြင်းပေးနော်.."ဂျွန်မြောင် ...ဗိုက်ကလေးကို အသာပွတ်ရင်းရီရှင်းကို..သတိရနေမိသည်။ခုချိန်လောက်ဆို...ရှင်းက ကျောင်းကိစ္စတွေနဲ့ အလုပ်ရှုပ်နေမှာ...
တခြားကျောင်းသားတွေနဲ့အတူစုငှားနေလို့မဖြစ်တာကြောင့် နှစ်ယောက်တည်းနေဖို့အိမ်သီးသန့်ရွေးနေရသည်။
ရီရှင်းကပဲ အကုန်အကျခံနေတာကို အားနာပေမယ့်
အဖေ စုဆောင်းပြီးမှ သူ့ကိုပေးထားတဲ့ ငွေတွေကို တကယ်လည်းကျောင်းတက်မှာမဟုတ်ဘဲမသုံးရက်..
ကလေးမွေးပြီးလို့ကျောင်းတက်တဲ့ အခါမှပဲ..
နည်းနည်းထုတ်သုံးမည်။တစ်
အဖ့အကြောင်းကို အတွေးကရောက်သွားပြန်တော့
မျက်ရည်ကလည်လာသည်။
အဖေက မြေးကို ဒီလိုပုံစံနဲ့ရလာမယ်လို့ဘယ်သိပါ့မလဲ။
အချိန်တန်ရင်..ချွေးမလေးအိမ်ခေါ်လာခဲ့မှာလို့ပဲထင်နေရှာမှာ.....တနေကုန်အခန်းအောင်းရင်း...ရီရှင်းလာမယ့်အချိန်ကိုပဲမျှော်နေမိသည်။
တစ်ယောက်တည်းဆို ...အတွေးပေါင်းစုံက လူကိုနှိပ်စက်တာမို့ အားတွေအလိုလိုငယ်ကာဝမ်းနည်းရသည်။
ဒီရက်တွေမှာအမေ့ကိုလည်း..အရမ်းလွမ်းသည်။"သားရေ...သခင်လေးလာတယ်.."
"ရတယ်..ရတယ်
ကျွန်တော်ပဲဝင်သွားလိုက်မယ်"ရီရှင်းအသံကို ကြားလိုက်ရပြီး...တံခါးဖွင့်သံနဲ့အတူ
ရှင်းက...ဝင်လာသည်။"ဂျွန်...."
ကုတင်ပေါ်ကနေထပြီး...ရီရှင်းလည်ပင်းမှာလက်နှစ်ဖက်နဲ့သိုင်းခိုလိုက်တော့...ရှင်းက..သူ့ကို.. ခပ်တင်းတင်းပြန်ဖက်ရင်း..ဖွဖွရယ်သည်။
YOU ARE READING
Who Loves More?[Season One]
FanficSeason one of Love Me More. (Unicode,Zawgyi) SuHo×YiXing M preg, Rated M Cover by #LenCo graphics