အပိုင်း[၂၉]

8.7K 876 245
                                    


Unicode....

ဇာတ်သိမ်း..

ဒီပုံနဲ့ ဂျွန်မြောင်..ကိုရီးယားကို ဘယ်လိုမှ ပြန်လို့မဖြစ်..။
ဒီကိစ္စကို ဒီအတိုင်းပဲထားလိုက်ရင်..
ဘယ်ချိန်ထပေါက်မယ် .. မသိတဲ့ ဗုံးတစ်လုံး
ပိုက်ထားရသလို...ရင်တထိတ်ထိတ်နဲ့..
နေသွားရလိမ့်မည်။
မတတ်သာတဲ့ အဆုံး..ရှင်းကိုပဲဖိအားပေးရလိမ့်မည်။
သူ့လက်ထဲက သားကို.. လာမထိပါးဖို့..
ရှင်းကိုပဲ တာဝန်ယူခိုင်းရမည်။
သားနဲ့ ခွဲရရင်ဂျွန်မြောင်သေပစ်မယ်လို့..
ပြောခဲ့တာတောင် ... ရီရှင်းက အရေးစိုက်ပုံမရ..။
သားကြောင့် ... ဒီအချိန်ထိ သူအားတင်းနေခဲ့ရတာကို..
ရီရှင်း..နားလည်ဖို့ကောင်းသည်။
ဒီကိစ္စကိုတော့...ရီရှင်းဘက်က
ကာကွယ်ပေးသင့်သည်။

အိမ်မှာထိုင်နေလို့ဘယ်လိုမှ မရတာနဲ့..
ရီရှင်းဆီထွက်လာခဲ့သည်။
သားကို...ကလေးထိန်းကျောင်းမှာ.. ခဏထားခဲ့တော့.. မျက်နှာငယ်လေးနဲ့..
ကျန်ခဲ့ရှာသည်။
စိတ်မချပေမယ့်.. ခဏတော့ မျက်နှာလွဲရမည်။
သားရှေ့မှာ..စကားများရန်ဖြစ်တာတွေမလုပ်ချင်ပါ။
ဖုန်းဆက်ပြီး.. ရီရှင်းကို ချိန်းတော့..
ရှင်းက.. ကုမ္ပဏီရှေ့ကိုလာခဲ့ပြောသည်။

ရှင်းပြောတဲ့နေရာရောက်လို့ဝေ့ကြည့်
လိုက်တော့...သစ်ပင်တစ်ပင်အောက်က..
ခုံတန်းလေးမှာထိုင်နေသည်။

"ရှင်း.."

သူ့ကိုမြင်တော့..ရှင်းကဝမ်းသာသွားတဲ့ဟန်နဲ့..
မတ်တပ်ထရပ်သည်။

"မင်း.. အမေ.. ခုမနက်ပဲ.. ထပ်လာသွားတယ်.."

"ဟင်... ဘယ်လိုလုပ်ပြီး...
ကိုယ်တောင်းပန်ပါတယ်ကွာ...
နောင်ကို.. လာမရှာအောင်.. ကိုယ်သေချာပြောပါ့မယ်နော်.."

ချက်ချင်းမျက်နှာ.. ညှိုးကျသွားတဲ့..
ရှင်းကို.. အားနာမိပေမယ့်..
သားကို.. မပေးလိုက်ရဖို့က ပိုအရေးကြီးသည်။

"သားကို.. မင်းအမေက စစ်ဆေးချင်နေတယ်..
မင်းရဲ့သားဖြစ်နေမှာစိုးလို့တဲ့..
ငါ..အပြတ်ပြောပြီးသားနော်...
သားကို.. ငါပဲယူမှာ....
မင်းတို့ဘက်က ...လိုချင်ရင်..ငါသေမှပဲရမယ်..
ငါ.. အေးအေးဆေးဆေးပဲ ပြန်ချင်တယ်..
ဒီကိစ္စ.. မင်းတာဝန်ယူပါ...
မင်းအမေကို..သေချာရှင်းပြပြီး...
နောင်ကို.. ငါ့သားကို..လာဆွဲတာမျိုး..
မဖြစ်အောင်.. လုပ်ပေးပါ.."

Who Loves More?[Season One]Where stories live. Discover now