Unicode.....ပုလင်းကနေ တစ်စက်ချင်းကျနေတဲ့..ဆေးစက်တွေ
ကို ရီရှင်းအသာ ငေးနေမိသည်။
ခုဖြစ်နေတာတွေက..တကယ်မှဟုတ်ရဲ့လားဆိုတဲ့
အတွေးကလွဲရင်...ဘာဆိုဘာမှတွေးမရ...
ခေါင်းထဲမှာက ဟာလာဟင်းလင်း....Drip ချိတ်ထားရတဲ့...ဂျွန်မြောင်ကလည်း...
သူ့ကို မျက်နှာလွဲပြီး..နံရံဘက်ကိုငေးလို့....အတွေးတွေများပြီး...စိတ်ညစ်နေပုံမို့.....
သူနှစ်သိမ့်ပေးချင်ပေမယ့်....
ဘယ်ကနေစပြောရမယ်မသိ..
အချစ်ရဲ့ ဗိုက်နားဆီကို..တစ်ချက်အကြည့်ရောက်
သွားတော့ သူတော်တော်နဲ့မျက်စိ ပြန်မလွဲှနိုင်...
ဒီဗိုက်ကလေးထဲမှာ...သူ့တို့ကလေးရှိနေတယ်တဲ့လား
တော်တော်လေးမယုံချင်ကောင်းတာမို့...
ဂျွန်ပြောသလို..ဗိုက်ထွက်မထွက်စောင့်ကြည့်ပြီးမှ
ယုံရမယ့်ပုံ....ဆွယ်တာလေးကို...အသာမပြီး...ဗိုက်ကလေးကို
ထိကြည့်တော့...ဂျွန်မြောင်တစ်ချက်တွန့်သွားပေမယ့်
ဘာမှတော့မပြော...
ဗိုက်ကလေးက တကယ်ပူလာမှာလားမသိ
ီရီရှင်းရင်ထဲ ငြိမ့်ခနဲ...နွေးသွားသည်။
ဂျွန်မြောင့်ကို စတွေ့တုန်းကလည်း..ဒီလိုပဲ..
ရီရှင်း..ရင်ခုန်သံတွေ ငြိမ့်ငြိမ့်လေးနဲ့ နွေးခဲ့တာ...
သူတို့နှစ်ယောက်ကြားမှာ..ရှိတဲ့ရေစက်က
အတော်လေး ထူးခြားဆန်းကြယ်လိုက်ပုံများ...
ဝမ်းနည်းရမလား ဝမ်းသာရမလားတောင်မသိ...ဂျွန်မြောင်လည်း...သတိလည်လာပြီဆိုတော့..
အန်တီကြီးက ထပ်ဆွေးနွေးဖို့ဆိုပြီး...
သူတို့ အခန်းထဲကိုရောက်ချလာသည်။
အန်ကြီးပြောသမျှကို...နားထောင်နေရပေမယ့်..
သူ့အကြည့်က ဂျွန့်မျက်နှာကနေ မခွာနိုင်...
နားထောင်ရင်း ပြောင်းလဲသွားတဲ့..ဂျွန်မြောင်ရဲ့
မျက်နှာရိပ် မျက်နှာကဲ ကိုဖမ်းနေရသည်။
အလိုမှကျရဲ့လား...သိပ်စိတ်ညစ်နေမလားလို့
ကြည့်နေရသည်။
~ကလေးကို မွေးထုတ်ရအောင်လို့ ~
သူ..ဂျွန်မြောင့်ကို မတောင်းဆိုရက်သလို...
ယုတ်ယွအဆုံး...
မွေးမလား..မမွေးဘူးလားတောင်မမေးရက်ပါ။
ယောက်ျားတစ်ယောက်တစ်ယောက်အနေနဲ့
ဘယ်လောက်အတိုင်းအတာထိ နာကျင်သွားမလဲ
ဆိုတာ..ရီရှင်းနားလည်သည်။
YOU ARE READING
Who Loves More?[Season One]
FanfictionSeason one of Love Me More. (Unicode,Zawgyi) SuHo×YiXing M preg, Rated M Cover by #LenCo graphics