အပိုင်း[၅]

6.2K 696 38
                                    

Unicode

"ဂျွန်မြောင်....
ဂျွန်မြောင်ရေ......"

ညက အသားကင်တွေစားရင်း...
သခင်လေးကျန်းကျန်းက အတတ်တွေဆန်း....
ယူလာတဲ့ဘီယာဘူးကိုထုတ်သောက်...
မနက်ကျမထနိုင်...
ခုလည်းဂျွန်ကို  ဂျစ်တိုက်တဲ့ အသံနဲ့...
အော်ခေါ်နေပြန်သည်။

"ဂျွန်.......ငါ့ကိုလာခေါ်...
ဂျွန်မြောင်ရေ..."

မနားတမ်း...အော်ခေါ်နေတဲ့...
ကိုယ်တော်ကျန်းရီရှင်းကြောင့်...
ချက်လက်စ ကြက်ဥလိပ်ကြော်အိုးကို...
ခဏချကာ ... အပြေးသွားကြည့်ရသည်။

"ဘာလဲ ...ဘာဖြစ်လို့လဲ..
နိုးရင်ထတော့လေ..."

"ငါခေါင်းကိုက်နေတယ်..."

ရီရှင်းတစ်ကိုယ်လုံးစောင်တွေနဲ့ လုံးထွေးပြီး ...ဖင်ဘူးတောင်းထောင်ကာ အော်နေသည်။

"ကိုက်မှာပေါ့..မပြောချင်ဘူး...
ထ...ရေချိုးလိုက်..
ပြီးရင် ..ထမင်းစားမယ် ဟင်းရည်ချက်ထားတယ်...."

ဂျွန်မြောင်က ပြောရင်းစောင်တွေကောက်သိမ်း
နေသည်။

"ဂျွန်ရေ....ဂျွန်...
ငါ့ခေါင်းတွေ..အုံခဲနေတယ်.."

"ကလေးလား...ချွဲမနေနဲ့
ဘီယာလေးတစ်ဘူးတည်းနဲ့...သူများကြားရင်
ဝီစကီ ဆယ်ပုလင်းလောက်သောက်ထားတယ်
ထင်နေမယ်...."

"မထဘူးကွာ...
မင်းပါပြန်လာ အိပ် လာ...ခုလာ."

"ကျန်းရီရှင်း....
စွတ်အော်မနေနဲ့....ငါ့အဖေပြန်ရောက်နေပြီ"

အဲ့တော့မှ...ဝရုန်းသုန်းကားထကာ...
ရေချိုးခန်းဘယ်မှာလဲဆိုပြီး...ပြေးဝင်သွားတဲ့
ရီရှင်းကိုကြည့်ပြီး ဂျွန်မြောင် တဟားဟား
အော်ရယ်နေမိသည်။

               ◇◇◇◇◇◇◇◇◇◇

"ဘာမှ...မရောက်သေးဘဲနဲ့...
ူသူများခေါင်းကိုက်နေတာကို...
အတင်းနှိုးတယ်....."

မထချင်ဘဲ..ထလိုက်ရတဲ့ ရီရှင်းက..
ထမင်းဝိုင်းရောက်သည်ထိ... နှုတ်ခမ်းတထော်ထော်....

"ကျန်းရီရှင်းတို့များ...သူများအိမ်မှာလာမူးနေပြီး...
သူ့အဖေနဲ့ ပြန်တိုင်မှာကျ..
ကြောက်တတ်လိုက်တာ..."

Who Loves More?[Season One]Where stories live. Discover now