Unicode....ကိုယ့်အပေါ်.. ကောင်းလွန်းတဲ့.. ယောက်ျားတစ်ယောက်ကို..ဂျွန်မြောင်..
အပြစ်မရှာတတ်ပါ။
ရှင်း..အိပ်ပျော်နေတဲ့ ပုံလေး..ငေးကြည့်ရင်းတောင်..
အချစ်တိုးနေရတာ...
ဘယ်လိုလုပ်ပြီးများ.. ခွဲသွားနိုင်ပါ့မလဲလို့..
တွေးမိသည်။
ခုချိန်မှာကွဲကွာကြလို့.. ရင်နာရရင်တောင်...
အနာဂတ်တစ်ချိန်ချိန်ကျရင်....
ဟိုတုန်းကငါတို့ကွဲခဲ့ကြတာ..မှန်လိုက်တာလို့...
တွေးမိမှာ..ကျိန်းသေသည်။
သားအတွက် ... ရှင်းအတွက် ...
သူ့အတွက် ...အရာအားလုံးအတွက်..
သူတို့နှစ်ယောက်ကွဲပေးမှ...ရမည်။ဆင်ကန်းတောတိုးဆိုသလို ... သားတစ်ယောက်ကို..လက်ဆွဲပြီးတိုးတဲ့အခါ..
သူကတော့ ..အရေထူစွာတင်းခံနိုင်ပေမယ့်..
သားလေး..နာကျင်ရလိမ့်မည်။
လမ်းခွဲစကားဆိုတဲ့..အခါ.. ရီရှင်း..ပေါက်ကွဲမယ်လို့..
ထင်သည်။
သောင်းကျန်းပြီး.. ခံစားရမှာကျိန်းသေသည်။
ဒါပေမယ့် ...ရှင်းက..နောက်ခံအင်အားတောင့်တင်းသည်။
သူနဲ့ကွဲပြီဆိုတာနဲ့.. ပြိုလဲနေတဲ့ရီရှင်းကို..
ဝမ်းသာအားရ.. ဝိုင်းဝန်းထူမတ်ကြလိမ့်မည်။
တစ်နှစ်... နှစ်နှစ်ကြာရင်...
ရှင်း..အလုပ်တွေရှုပ်လို့.. သူတို့သားအဖကို..
မေ့စပြုလိမ့်မည်။
ရှစ်နှစ်... ဆယ်နှစ်လောက်ကြာရင်..
ရှင်းကို.. အားအင်ပေးနိုင်မယ့်..
သူဌေးသမီးတစ်ယောက်လောက်နဲ့ ...
လက်ထပ်ပြီး.. ဘဝကို.. ဖြတ်သန်းနေလောက်သည်။သူက.. ရှင်းကို.. နွံ့ထဲနစ်ထားတဲ့.. တရားခံဆိုတာ..ဘယ်သူကမှ..သတိလာမပေးတောင်..ဂျွန်မြောင်သူ့ကိုယ်သူသိပါသည်။
ချစ်တဲ့စိတ်ကို မြိုသိပ်လို့.. အထက်တန်းက..
သူ..ရှင်းကို.. ငြင်းခဲ့ဖူးသည်။
အဲ့တည်းက... လှည့်မကြည့်စတမ်း..
ပြေးထွက်ခဲ့ရင်.. ခုလောက်နာကျင်ရမှာမဟုတ်..။ရှင်း..မသိခင်မှာ.. သားနဲ့အတူတူထွက်ပြေးရင်..
ကောင်းမလားလည်း..တွေးဖူးသည်။
ရုတ်တရက်..ပျောက်ဆုံးသွားရင်..
သူ့အပေါ်နာစရာမရှိတဲ့ ..ရှင်းက အရူးမီးဝိုင်းဖြစ်လိမ့်မည်။
တစ်ယောက်ယောက်က.. ဖွက်ထားတယ်ထင်ပြီး... ထင်ရာမြင်ရာကို..
ပြဿနာစွတ်ရှာလိမ့်မည်။
ရှင်း..ရဲ့စိတ်ထဲကို..ဆူးတစ်ချောင်းထည့်ပေးလိုက်တာက.. အကောင်းဆုံး.. ဆုံးဖြတ်ချက်..
ဖြစ်လိမ့်မည်။
မုန်းတီးတဲ့အဆင့်မရောက်တောင်...
ရီရှင်းက.. သူ့ကို.. ပြန်တွေးကြည့်တိုင်း..
နာကျင်..လောက်တဲ့အခြေအနေထိတော့..
လုပ်ရမည်။
နာစရာများရင်..ဘယ်သူက လွမ်းနိုင်ပါ့မလဲ..။
YOU ARE READING
Who Loves More?[Season One]
FanfictionSeason one of Love Me More. (Unicode,Zawgyi) SuHo×YiXing M preg, Rated M Cover by #LenCo graphics