Intro

15.1K 632 6
                                    

ဇာတ်လမ်းလေးက 21ရာစုက Chu SiYang ဆိုတဲ့ကောင်မလေး ကား accident ကြောင့် သေဆုံးခဲ့ရပါတယ်
ဒီလိုလုပ်ကြံခံရမှုကတော့ သူမ မိထွေးဖြစ်သူဟာ သူ့ကလေးတွေအတွက်SiYangရဲ့ပိုင်ဆိုင်မှုတွေကို အပိုင်သိမ်းလိုလို့ပါပဲ။
လုံးဝထင်မှတ်မထားတာကတော့ သူမဖခင်ရင်းကပါ ဒီကိစ္စမှာပါဝင်ပတ်သတ်နေတယ် ဆိုတာပါ။
သူမရဲ့ဖအေတူမအေကွဲမောင်နှမတွေဟာ သူမအပေါ်
လွန်စွာမုန်းတီးပီး နွေးထွေးမှုဆိုတာ ဘာမှန်းသိခွင့်မရသူလေး.... ဒီလိုနဲ့ သူမကိုအမုန်းတရားတွေကြားမှာနှစ်မြုပ်ခဲ့ကြပါတော့တယ်
SiYang ဟာ ကား accident ကနေနိုးထလာရာမှာတော့ သူမဟာ ရှေးခေတ် တရုတ်ပြည်က သူမကိုချစ်တဲ့ နွေးထွေးတဲ့မိသားစုလေးဆီရောက်နေတာပါပဲ
သူမ သိပ်ကိုပျော်ရွှင်ရပါတယ်။
Lin family သူမ နိုးထလာရတဲ့နေရာကမိသားစုလေး....

တနေ့မှာ တော်ဝင်အမိန့်တော်တစ်ခု ပျော်ရွှင်နေတဲ့ Linမိသားစုစီကျရောက်လာတာပါပဲ ဒါကတော့ Lin YiXin  (Chu SiYang) ဟာ အိမ်ရှေ့စံမင်းသား Lingyi နဲ့လက်ဆက်ရမယ့် အမိန့်တော်ပါ ဒါပေမယ့် crown prince Lingyi မှာချစ်ရသူရှိနေပါတယ်

ချစ်သူရှိနေတဲ့ Lingyi ဟာ YiXin ကို ချစ်လာနိုင်ပါ့မလား သူတို့၂ဦးကြား အချစ်ပန်းလေးတွေ ပွင့်လန်းနိုင်ပါ့မလားဆိုတာ....

Author note :
မနိုင်မနင်းတာတွေ Rachelတို့စပါပြီလို့ ပထမဆုံးဘာသာပြန်လေးမို့ အမှားအယွင်းများရှိရင် နားလည်ပေးကြပါနော် ခုချိန်ထိ Rachel ရေးသမျှ ကောင်းကောင်းဆိုးဆိုးနားလည်ဖတ်ရှုပေးကြတဲ့ Reader အားလုံးကိုလည်းဒီနေရာကနေကျေးဇူးတင်ကြောင်းပြောပါရစေ 🙏🙏🙏
ချစ်တဲ့😘
Rachel

ချစ်လှစွာသောဧကရီ(ခေတ္တရပ်နား)Où les histoires vivent. Découvrez maintenant