(Unicode)
အိမ်ရှေ့စံ မိဖုရားဖြစ်လာတာနဲ့ အညီ အိမ်ရှေ့မိဖုရားနန်းဆောင် ကိုပြောင်းရွေ့လာရတယ်။ လင်းကျီကလည်း သူ့နန်းဆောင်ကနေ မိဖုရားနန်းဆောင်စီပဲ ရွေ့ပြောင်းလုနီးပါးပါပဲ
အိမ်ရှေ့စံမိဖုရား နန်းဆောင်ဟာလဲ ချီးမြောက်တဲ့ နန်းတွင်းသူတွေပိုများပြားလာတယ်။
ညတိုင်း စက်ရာခန်း ဝင်ချိန်မှာ ရီရှင်း နည်းနည်းတော့ စိုးထိတ်နေတုန်းပဲ ဒါပေမယ့် သိပ်မကြာခင်မှာပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတက်တဲ့ သူမကို ကုတင်ဘေးမှာ တစိမ့်စိမ့် ကြည့်ပြီး တို့ထိ မကိုင်ရက်လောက်အောင် ထိုင်ကြည့်နေတက်တဲ့ သူတယောက်တော့ ရှိလေရဲ့...
မနက်မိုးလင်းတိုင်း လင်းကျီဟာ ရီရှင်း ရဲ့ ပါးလေးကို နမ်းပြီးမှ နိုးထလေ့ရှိတယ်။ ညီလာခံ မသွားခင်မှာလဲ အကြင်နာ အနမ်းတွေ နဲ့ အတူ နူးညံ့ညင်သာစွာ လက်ဖျားလေး နဖူးလေးကို နမ်းပြီးမှ သွားလေ့ရှိတယ်။
ရီရှင်းဟာလဲ လင်းကျီရဲ့ နူးညံ့မှုတွေကြောင့် မင်္ဂလာဦးညက ကြမ်းတမ်းတဲ့ ကျားသစ်ပေါက်လေးကို တဖြေးဖြေးခင်တွယ်လာမိလေပြီ...
သူတို့အတူရှိကြတဲ့ အချိန်တိုင်း လင်းကျီရဲ့ ဂရုစိုက်မှုတွေကြောင့် ရီရှင်းပိုပြီး တိမ်းညွတ်လာမိတယ်။ အစားသောက်တွေ ဆိုရင်လည်း ရီရှင်းကြိုက်တာလေးကို အထူးတလည် စီစဉ်ပေးပြီး ငါးအရိုးလေး တွေက အစ နွှင်ပေးတတ်တာမျိုး ပန်းလှလှလေးတွေ ခူး ပေးပြီး ယူလာတက်တာမျိုး...
မင်းကြီးနဲ့ မိဖုရားခေါင်ကြီးကလဲ သူမအတွက် နန်းတွင်း က အထူး ဆေးဝါးဓာတ်စာ တွေ အပြင် အဖိုးတန် လက်ဝက်ရတနာတွေကို ပါ ချီးမြင့်မြှောက်စားလေ့ ရှိတယ်။ နန်းတွင်းဆေးဝါး တွေကြောင့် ရီရှင်း ဟာလည်း အိမ်တော်မှာထက်ပိုပြီး ကျန်းမာလာတယ်။
ဒီနေ့ ကတော့ လမုန့်ပွဲတော် နေ့ဆို တော့ တိုင်းပြည်တခုလုံးက ပျော်ရွှင်နေကြတယ် လမ်းမထက်မှာလဲ ပွဲတော် အတွက် အလှ မီးပုံးတွေချိတ်လို့...
လမုန့် မျိုးစုံ ကွေ့ဟွား လမုန့်၊ ကြာစွယ်လမုန့်ချို၊ မုန့်မျိုးစုံနဲ့ အနီရောင် မီးပုံးတွေ ယုန်မီးအိမ်လေး တွေ ရောင်းချနေတဲ့ ဆိုင်မျိုးစုံ အရောင်အသွေးစုံတဲ့ ဟန်ဖု ဝတ်စုံနဲ့ လှပနေတဲ့ မိန်းမပျိုတွေ အဲ့ လှပတဲ့ မိန်းမပျိုတွေကို ငေးမောနေကြတဲ့ ပုရိသ ယောကျာ်းပျို၊ ပျိုပျိုအိုအို အရွယ်စုံ ကလေး၊ လူကြီးပါ မကျန် ဒီနေ့တော့ နန်းတော် မုခ်ဦးလမ်းမထက်မှာ ပျားပန်းခက် စည်ကားနေကြတယ်။

ВЫ ЧИТАЕТЕ
ချစ်လှစွာသောဧကရီ(ခေတ္တရပ်နား)
Исторические романы[Unicode] ပထမဆုံး ဘာသာပြန်လေးပါ မူရင်းStory nameကတော့ Emperor's cute Empress မြန်မာလို တော့ခေါ်ရအဆင်ပြေအောင် ချစ်လှစွာသောဧကရီ လို့ ပြောင်းထားပါတယ် credit to owner Hanabi Shiro English skill ကသိပ်ကောင်းလှတယ်ရယ်မဟုတ်လို့ Tranတာမကောင်းရင် ခွင့်လွှတ်က...