(Unicode)
ခေတ်ဟောင်းကို မရောက်လာခင် ၂၁ရာစုမှာ Chu Siyangရဲ့ အမေဖြစ်လာမယ့်သူဟာ သူမအဖေ ဖြစ်လာမယ့်သူနဲ့ မိဘချင်းသဘောတူပြီးပေးစားဖို့ စီစဉ်ခြင်းကို ခံရတော့တယ်။ ချမ်းသာတဲ့ မိသားစုတွေရဲ့ ထုံးစံအတိုင်းပေါ့။
Chu Siyang ရဲ့ အဖေဘက် က အမေ့ဘက်ထက် ပိုချမ်းသာကြာပေမယ့် မေမေဟာ Siyang ဖေဖေကို လက်မထပ် လိုခဲ့ဘူးလေ၊ သူတို့ကြားထဲက အမုန်းတရားအချို့ကြောင့်ပေါ့ ပြီးတော့ ဖေဖေဟာ မေမေ့အပေါ် တစက်လေးမှ မချစ်ခင် မနှစ်သက်ခဲ့ဘူး။ဖေဖေ့အတွက် မေမေဟာ အိပ်ရာပေါ်က အသုံးတော်ခံ သက်သက်သာပဲ ဒါတွေအတွက်ကြောင့်တော့ မေမေဟာ စိတ်ထဲမထားတော့ဘူး သူမဘဝက လျောက်စရာလမ်း မရှိတော့ပြီမှတ်လား။သိပ်မကြာခင်မှာပဲ မေမေဟာ ကိုယ်ဝန်ရလာတယ် နောက်တော့ ကျမဆိုတဲ့ Chu Siyang ကိုမွေးဖွားခဲ့တယ်။ ဖေဖေ့ကို မချစ်မနှစ်သက်ခဲ့ပေမယ့် (အိပ်ရာပေါ်က အသုံးတော်ခံ သာသာဘဝကိုဖြတ်သန်းခဲ့ရပေမယ့်ပေါ့) ကျမကိုတော့ မေမေက ငုံထားမတက်ချစ်ရှာတယ်လေ။ဖေဖေ့ဘက်က မိဘတွေဟာ သူတို့ ချွေးမလေးကို သမီးအရင်းလေးလို ချစ်ကြတယ်။ နောက်ပိုင်း သူတို့သားဟာ ချွေးမလေးကို ဘယ်လိုဆက်ဆံတယ် ဆိုတာ သိသွားတဲ့အခါမှာ သူတို့ ရဲ့ အမွေတွေကို သားထက် ချွေးမလေးကို ပိုပြီး အမွေခွဲပေးလိုက်တယ်။ ဒါကြောင့်လည်း ဖေဖေဟာ မေမေ့ကို မုန်းသည်ထက် ပိုမုန်းခဲ့တယ်။ဖေဖေ့ ဘက်က ဖိုးဖိုးဖွားဖွားတို့ဟာ စည်းကမ်းတင်းကျပ်ပြီး ရှေးရိုးဆန်တယ်။ ရှေး တရုတ်လူမျိုးရိုးရာ အမွေတွေကို နှစ်သက်မြတ်နိုးကြတယ်။ ဖိုးဖိုးဟာ တရုတ်ရိုးရာ ဆေးတွေ ဖော်စပ်ပြီးကုသတဲ့ သမားတော်ကြီးပဲ ပြီးတော့ ရိုးရာဆေးတွေ ထုတ်လုပ်ဖြန့်ဖြူးရောင်းချပြီး တရုတ်ပြည်မကြီးမှာ အောင်မြင်တဲ့ ကုမ္ပဏီပိုင်ရှင် တစ်ယောက်လည်း ဖြစ်တာပေါ့။ ဖေဖေဟာ ဒီလိုမိဘတွေ လက်ထဲကြီးပြင်းလာတော့ သူကိုယ်တိုင်လည်း သူ့အဖေလို အောင်မြင်ချင်တယ်။ဒါပေမယ့် Siyang ဖေဖေဟာ တရုတ်ရိုးရာဆေးတွေကို လုံးဝစိတ်မဝင်စားဘူး သူလုပ်ချင်တာသူလုပ်တယ် ခေါင်းမာပြီး ဇွတ်တရွက် ဆန်တဲ့လူပေါ့။ ဖိုးဖိုးတို့က သူတို့ ရိုးရာတရုတ်ဆေးပညာကို အမွေပေးချင်တယ် ပြီးတော့ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းစေလိုလို့ မေမေ့လို တရုတ်ရှေးအယူအဆတွေ မြတ်နိုး တရုတ်အမျိုးသမီးပီသတဲ့ အိမ်ထောင်မှု နိုင်နင်းတဲ့သူနဲ့ အိမ်ထောင်ချပေးခဲ့တာပေါ့။ ဖေဖေကတော့ ဆန့်ကျင်ဘက် ခေတ်ဆန်တယ် ဒါကြောင့် သူဘာသာ ကုမ္ပဏီထောင်ပြီး ဖိုးဖိုးကိုဆန့်ကျင်တယ် မိဘပေးစားလို့ယူထားတဲ့ မေမေ့အပေါ် အမုန်းတရားထားပြီး ဆက်ဆံတယ် ဒီလိုနဲ့ အမွေခွဲဝေမှု ကိစ္စအပြင် တခြားကိစ္စတွေ္စကြောင့် မေမေနဲ့ အကြီးအကျယ် ရန်ဖြစ်ကြတယ်။မေမေဟာ Siyang ကို သူမ မိဘအိမ်မှာ သွားထားပြီး ကိစ္စတွေရှင်းလင်းဖို့ (ကွာရှင်းပြီး အပြတ်ရှင်းဖို့ပေါ့) သူမမိဘအိမ်ကအပြန်မှာ ကားအက်ဆီတင့် ဖြစ်ပြီး အဲ့နေရာမှာပင် သေဆုံးခဲ့တယ်။သနားစရာကောင်းတဲ့Siyangလေး ဟာ မေမေလို့တောင် မခေါ်တက်သေးရှာဘူး သူမအသက်က တစ်နှစ်ပဲရှိသေးရှာတာကိုး။အသက်ငယ်ငယ်နဲ့ မိခင်မဲ့ရှာတဲ့ Siyangလေး ကို သူမဖေဖေဟာ ယောက္ခမအိမ်ကနေ ပြန်ခေါ်ဖို့မပြောနဲ့ သမီးအရင်းလေးကို လာတောင်မကြည့်ရှာဘူး။ဒါပေမယ့် ဖေဖေ့ဘက်က အဖိုးအဖွားတွေကတော့ သူတို့သား ဘယ်လောက် အသည်းမာမာ သူတို့ကတော့ တစ်ဦးတည်းသော မြေးမလေးကို မပစ်ထားနိုင်ဘူး ခမည်းခမက်ဘက်ကို တောင်းပန်ပြီး သူတို့ မြေးမလေးကို အမွေစားအမွေခံ မွေးစားလိုက်တော့တယ်။အဲ့အချိန်မှာပဲ Siyang ဖေဖေဟာ မိန်းမတစ်ယောက်နဲ့ ကလေးနှစ်ယောက်ကို အိမ်ပေါ်ခေါ်တင်လာခဲ့တယ်။ ပြီးတော့ သူကလေးတွေလို့ ပြောခဲ့တယ်။ ကလေးတွေက Siyang ထက်ကြီးကြတယ်။ ဟုတ်မှာပါ ဒါကြောင့် ဖေဖေဟာ မေမေ့ အပေါ်တင်မက Siyang အပေါ်မှာပါ ချစ်ခင်မှု မရှိတာပဲ ဘာကြောင့်ဆို သူတို့ တွေက Siyang တို့ထက်အရင် ဖေဖေ့ ဘဝထဲရောက်နေခဲ့ကြတာ မို့ ပေ့ါ။ ဒါများ ဖေဖေရယ် ဘာကြောင့်များ မေမေ့ကို လက်ထပ်ပြီး နှိပ်စက်ခဲ့သလဲ။ဖိုးဖိုးတို့ဟာ အဲ့ကလေး၂ယောက်ကို DNA စစ်ကြည့်ကြတယ်။ မယုံနိုင်အောင် တကယ်ပဲ ဖေဖေ့ကလေးတွေဖြစ်နေခဲ့တော့ ဖိုးဖိုးတို့ သိပ်စိတ်ထိခိုက်ကြတဲ့ အပြင် မြေးမလေးSiyang အပေါ်ပိုသနားပြီး အားနာခဲ့ကြတာပေါ့။ဖေဖေဟာ အဲ့အမျိုးသမီးနဲ့ လက်ထပ်ခဲ့ကြတယ်။ မိထွေးဟာ သူမအပေါ်သဘောကောင်းချင်ယောင် သူမဖိုးဖွားတွေရှေ့ သူမအဖေရှေ့ သရုပ်ဆောင်နေပေမယ့် နောက်ကွယ်မှာတော့ မိထွေးနဲ့ သူမသားသမီး၂ယောက်က Siyang ကိုဝိုင်းနှိပ်စက်ကြတယ်။ ဖိုးဖိုးတို့ဟာ သူတို့ ပိုင်တဲ့ရှေးဟောင်းအိမ်ကြီးမှာ ပဲပြန်နေတော့မယ်လို့ ဆုံးဖြတ်ကြချိန်မှာတော့ Siyang တစ်ယောက်တည်း မနေဝံ့တော့ဘူး။ သူမသိတတ်စကတည်းက သူမကိုတကယ်ကြင်နာကြတာ ဒီအဖိုးနဲ့အဖွားပဲ သူတို့ ဒီအိမ်မှာ(Siyang အဖေအိမ်)မှာ လာနေပေးတာလဲ သူမကြောင့် ဆိုတာသိနေတော့ သူမပါ အဖိုးအဖွားအိမ်မှာ လိုက်နေဖို့ ခွင့်တောင်းတော့တာပဲ။Siyang လေးဟာငယ်စဉ်ကတည်းက သိပ်တော်တဲ့ ဘယ်အရာမဆို သင်ယူတတ်မြောက်လွယ်တယ်။ သူမအဖိုးအဖွားတွေဟာ သူမကို တရုတ်ရိုးရာ တူရိယာတွေ သင်ကြားပေးတယ်။ အမေနဲ့ တူတဲ့ သမီးမို့ထင်တယ် ရိုးရာ ပုလွေနဲ့ ဗျပ်စောင်းတီးတာ သူမတူအောင် ကျွမ်းကျင်လာတယ်။Siyang ဟာ သူမအဖိုး အမွေပေးချင်ပြီး သူ့သားကို မပေးနိုင်တဲ့ တရုတ်ဆေးပညာအမွေကို ဆက်ခံနိုင်ခဲ့တယ်လေ။ သူမက ထူးထူးခြားခြား တရုတ်ရိုးရာ ဆေးပညာကို စိတ်ပါဝင်စားခဲ့ပြီး သူမကိုယ်သူမ ဆေးပညာထဲ နှစ်မြှုပ်ထားခဲ့တယ် အဖိုးရဲ့သွေးပါလာတာဖြစ်ရမယ်။Siyang က သူမအဖိုးဆီမှာငယ်စဉ်ကတည်းက ဆေးပညာသင်ယူရုံတင်မက အထက်တန်းပြီးတာနဲ့ တရုတ်တိုင်းရင်းဆေးတက္ကသိုလ်ကို တက်ရောက်ခဲ့တယ်။ အတန်းထဲမှာ အမြဲ ပထမရယုံတင်မက Scholarship ပါရခဲ့သေးတယ်။ သူမ အဖိုးကတော့ အရမ်းဝမ်းသာ နေတာပေါ့။Siyang သူမက ဆွဲဆောင်မှုရှိတဲ့ သူမရဲ့ ဖအေတူ အမေကွဲ အမလိုမလှဘူး ပြီးတော့ လူမှုဆက်ဆံရေးနယ်ပယ်မှာ မကျွမ်းကျင်ဘူး ဒါပေမယ့် သူမက ကြင်နာတတ်တယ် အမြဲချိုသာတဲ့ အပြုံးတစ်ခု ရှိတယ် ပြီးတော့ သူမမျက်နှာဟာ ကြည့်လိုက်သူတိုင်းကို အေးချမ်းစေပြီး ချစ်စရာကောင်းတဲ့ ကလေးမလေး တစ်ယောက် ဖြစ်တယ်။~~~~~~~~~~~~~~~~~~~~~(Author Note: Siyang ရဲ့ ၂၁ရာစုဘဝအကြောင်းအရာတစ်စိတ်တစ်ပိုင်းပါ။ သူမက ဆွဲဆောင်မှုရှိလောက်အောင် မလှဘူး ဒါပေမယ့် အေးချမ်းပြီး ချစ်စရာကောင်းတဲ့ မျက်နှာလေးပိုင်ဆိုင်တာ မှတ်ထားပေးကြနော် )ချစ်တဲ့ Rachel (16-Apr-18 12:16AM)
ВЫ ЧИТАЕТЕ
ချစ်လှစွာသောဧကရီ(ခေတ္တရပ်နား)
Исторические романы[Unicode] ပထမဆုံး ဘာသာပြန်လေးပါ မူရင်းStory nameကတော့ Emperor's cute Empress မြန်မာလို တော့ခေါ်ရအဆင်ပြေအောင် ချစ်လှစွာသောဧကရီ လို့ ပြောင်းထားပါတယ် credit to owner Hanabi Shiro English skill ကသိပ်ကောင်းလှတယ်ရယ်မဟုတ်လို့ Tranတာမကောင်းရင် ခွင့်လွှတ်က...
