Ch 5:Part 2 ရီရှင်းလေးရဲ့ ဆုံးဖြတ်ချက်(u+z)

4.4K 470 6
                                        

(Unicode)

ရီရှင်း သိလိုက်တယ် ဒီလက်ထက်ပွဲဟာ သူမရဲ့ မိသားစုအပေါ် သက်ရောက်မှု ဘယ်လောက်တောင် ရှိမလဲ ဆိုတာပေါ့။ သူမသိပါတယ် တကယ်လို့သာ သူမငြင်းလိုက်ရင် ဆွေ၇ဆက် မျိုး ၇ ဆက် ကွပ်မျက်ခံရကိန်းပဲ။ ဟူး မလွယ်ဘူး ရီရှင်းလေး ဘဝ ကံကောင်းခြင်းလား ကံဆိုးခြင်းလား...

သူမတွေးပီးရင်း တွေးတယ် ၂၁ရာစုထက် ခက်ခဲတဲ့ ဘဝလမ်းကို လျောက်ဖို့ တွေးမိတိုင်း ငြင်းရမလား လက်ခံရမလား လွန်ဆွဲပြိုင်ပွဲ ဝင်နေသလိုပဲ။ သူမရဲ့ ဘဝသစ်လေးက မိသားစုဝင်တွေ သူတို့အားလုံးရဲ့ အသက် ပျော်ရွှင်မှု တွေ အားလုံးအားလုံး သူမ ဆုံးဖြတ်ချက်ပေါ်မှာ...ဘယ်လို ဆုံးဖြတ်သင့်လဲတွေးတော နေတဲ့ ရီရှင်းလေးဟာ အသက်မဲ့နေတဲ့ ကျောက်ရုပ်ငယ်လေး တစ်ရုပ်လို့ ငြိမ်ကျလို့...

ရီရှင်း သမီးလေး သာ လက်မခံချင်ရင် ဘုရင်မင်းမြတ်ဆီ အသနားခံ လျောက်တင်ပါ့မယ် ဘာမှစိတ်မညစ်နဲ့ ခမည်းတော် တစ်ယောက်လုံး ရှိပါတယ် သမီးရယ်။

မဟုတ်ဘူး ခမည်းတော် သမီးလက်ခံပါတယ်။ ရီရှင်းလေ အိမ်ရှေ့စံကို လက်ထပ်ပါ့မယ်။ရီရှင်းရဲ့ အဖြေကြောင့် အိမ်သားအားလုံး အံသြကုန်တယ်။ ရီရှင်းစိတ်နဲ့ဆို ဒီလောက်မြန်မြန် လက်ခံဖို့မလွယ်ဘူးလေ။

ဟုတ်တယ် ငါ့ဆုံးဖြတ်ချက်မှန်ကန်ပါတယ် ဒီမိသားစု ငါ့ကြောင့် မပျက်စီးစေရဘူး ဒီမိသားစုကို ငါချစ်တယ် ဒါ ငါ့မိသားစုပဲလေ။

ရီရှင်း...မယ်တော်ဟာ မျက်ရည်တွေ အပြည့်နဲ့ သူမကိုခေါ်တယ်။မယ်တော် မငိုပါနဲ့နော် ရီရှင်းအဆင်ပြေပါတယ် ရီရှင်းအတက်နိုင်ဆုံးပြုံးပြီး မယ်တော့်ကို နှစ်သိမ့်လိုက်တယ် ဒီတစ်ခါတော့ ရီရှင်း က မိသားစုကို ဂရုစိုက်ရမယ့် အလှည့်ပါ မေမေရယ်လို့ စိတ်ထဲက တိတ်တိတ်လေး တိုးရှိုက်စွာ ပြောလိုက်ပါတော့တယ်။

အားလုံး ဆုံးဖြတ်ပြီးနောက်မှာတော့ ရီရှင်း သူမအိပ်ခန်းဆောင်ကို ပြန်လာခဲ့တယ်။ အိပ်ရာနားက ပြတင်းပေါက်ဘေးမှာ ရပ်ရင်း အဆုံးမရှိ ကောင်းကင်ကြီးအောက်က တဖိတ်ဖိတ်တောက်နေတဲ့ ကြယ်လေးတွေကို ကြည့်ရင်း တိတ်ဆိတ်စွာ နဲ့ မျက်ရည်တွေသာ ကျလာတော့တယ်။

ချစ်လှစွာသောဧကရီ(ခေတ္တရပ်နား)Место, где живут истории. Откройте их для себя